ဆိုမာလီယာနိုင်ငံရှိ နယ်မြေများကို ခွဲထုတ်ရန်ကြိုးပမ်းမှုမှန်သမျှကို တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားလိုက်ပြီး တရုတ်နိုင်ငံသည် အရှေ့အာဖရိကနိုင်ငံ၏ အချုပ်အခြာအာဏာ၊ စည်းလုံးညီညွတ်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ထောက်ခံကြောင်း အတည်ပြုခဲ့သည်။
ကိုယ့်အကျိုးစီးပွားအတွက် တခြားနိုင်ငံတွေရဲ့ ပြည်တွင်းခွဲထွက်ရေး အင်အားစုတွေကို အားပေးအားမြှောက်ပြုခြင်းမျိုး သို့မဟုတ် ထောက်ခံခြင်းမျိုးကို မည်သည့်နိုင်ငံကမှ မလုပ်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက သတင်းထောက်များကို ပြောကြားခဲ့ပြီး ဆိုမာလီလန်အာဏာပိုင်များအနေဖြင့် ခွဲထွက်ရေးလှုပ်ရှားမှုများနှင့် ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ခြင်းများကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။
အစ္စရေးသည် ဒီဇင်ဘာလ ၂၆ ရက် နေ့တွင် ဆိုမာလီလန်သမ္မတနိုင်ငံကို လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပြီး စိုက်ပျိုးရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် စီးပွားရေးကဏ္ဍများတွင် ဆိုမာလီလန်နှင့် ချက်ချင်းပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းခဲ့သည်။
Ref: သည်စထရိတ်တိုင်းမ်စ်