Sunday, June 28, 2026

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန်...

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊...

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊...
HomeInternational၂၀၂၆ - ၂၀၄၅...

၂၀၂၆ – ၂၀၄၅ အနှစ် ၂၀ အတွက် စွမ်းအင်အသစ်ဖွံ့ဖြိုးရေးအစီအစဉ်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပုံစံသစ်ကို ရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိ

၂၀၂၆ ခုနှစ်မှ ၂၀၄၅ ခုနှစ်အထိ နောက်ထပ် အနှစ် ၂၀ အတွက် စွမ်းအင်အသစ်ဖွံ့ဖြိုးရေးအစီအစဉ်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ပုံစံသစ်ကိုလည်း ရေးဆွဲရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှာ အဓိကကျပြီး နိုင်ငံတကာ၏ကူညီထောက်ပံ့မှုများလည်း လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညဏ်ထွန်း ကပြောသည်။

ယမန်နေ့က ကျင်းပသည့် တရုတ်အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုဌာနနှင့် International Renewable Energy Agency (IERNA)တို့က ကြီးမှူးကျင်းပသော စွမ်းအင်အသွင်ကူးပြောင်းမှု အပြည်ပြည်ဆိုင်ရာ ဖိုရမ် -၂၀၂၅ တွင် ပြည်ထောင်စုဝန်ကြီး ဦးညဏ်ထွန်း က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် သဘာဝဓာတ်ငွေ့နှင့်ရေအားလျှပ်စစ်ကို အဓိကအားထားလျက်ရှိပြီး နိုင်ငံတော် လျှပ်စစ်ပြည့်ဝစွာသုံးစွဲနိုင်ရေးမှာ ဂေဟဗေဒဆိုင်ရာ ထိခိုက်မှုနည်း သည့် ပြန်ပြည့်မြဲစွမ်းအင် ပိုမိုသုံးစွဲရာတွင် ဓာတ်အားလိုင်းတည်ငြိမ်မှုဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေသည့် ကိစ္စရပ်များကို ဖြေရှင်းရန် ဗျူဟာမြောက် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။

ထိုပြင် မြန်မာနိုင်ငံ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးပင်မစီမံချက်(၂၀၃၀) ကို ရေးဆွဲအကောင်ထည်ဖော်နေပြီး ကျောက်မီးသွေးစွမ်းအင်အသုံးပြုမှုကို ၂၀၃၀ ပြည့်နှစ် အထိသာ ဆက်လက်အသုံးပြုရန်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ကျောက်မီးသွေး စွမ်းအင်အသုံးပြုမှု ရပ်ဆိုင်းသွားရန် ရည်မှန်းချက်များရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညဏ်ထွန်း ကပြောသည်။

၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်မပါဝင်သော ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍတွင် ပြည်တွင်းအရင်းအမြစ်များဖြင့် အကောင်အထည်ဖော်မည့်ရည်မှန်းချက်မှာ ၁၁ ရာနှုန်း (၂၀၀၀ မဂ္ဂါဝပ်) ဖြစ်ပြီး လုံလောက်သော နိုင်ငံတကာပံ့ပိုးမှုရရှိပါက ၁၇ ရာနှုန်း (၃၀၇၀ မဂ္ဂါဝပ်) အထိ တိုးမြှင့်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ရည်ရွယ်ထားသည့်အတိုင်း အောင်မြင်မှုရရှိပါက ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ရာခိုင်နှုန်းကို အတိုင်းအတာတစ်ခုအထိ လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလမတိုင်မီကာလအထိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရေအားလျှပ်စစ် ၅၁ ရာခိုင်နှုန်း၊ နေရောင်ခြည်စွမ်းအင် ၄ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်း၊ ကျောက်မီးသွေး ၂ ရာခိုင်နှုန်းနှင့် ဒီဇယ် ၃ ရာခိုင်နှုန်းစသည့် အချိုးအစားများဖြင့် စုစုပေါင်း ၆၃၅၇ မဂ္ဂါဝပ်အထိ ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတပြော

နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်ယှဉ်ပြိုင်နိုင်စွမ်းရှိလာရန် အ စွမ်းကုန်ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဟု နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မ တီကကြီးမှူးကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအ မှတ်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများသည် စိန်ခေါ်မှုများစွာရှိနေရာ ယင်း စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် နိုင်ငံ တော်နှင့် ပုဂ္ဂလိကတို့ပူးပေါင်းပြီး စုပေါင်းလုပ်ဆောင်သည့် စနစ်၊ စိတ်တူသဘောတူများ...

သက်ကြီးဂီတပညာရှင်(၁၅၈)ဦးကို ပူဇော်ကန်တော့ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မိသားစုက အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်း

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၆)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်ကြီးများအား ပူဇော်ကန် တော့ပွဲကို ယနေ့ ဇွန် ၂၇ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇော်ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ မိသားစုကလှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ညွှန်ကြားရေးမှူးချုပ်က(ကိုယ်စား) ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ ပူဇော်ကန်တော့ပွဲသို့ ပြန်ကြားရေးဝန်ကြီး ဌာနက အလှူငွေကျပ်သိန်း(၃၀)၊ ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က အလှူငွေကျပ်(၁၅၈)သိန်း၊ ရန်ကုန်တိုင်း USDP ပါ တီကအလှူငွေကျပ်(၅)သိန်းတို့အပါအဝင် အလှူငွေကျပ်သိန်း(၃၀၀)ကျော်နှင့် အလှူပစ္စည်းများကို...

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တိုက် တွန်း

MSME လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ MICC-1 ၌ကျင်းပသည့် ကမ္ဘာ့အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနေ့အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ MSME လုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် ငွေကြေးစီးဆင်းမှုမြန်ဆန် ချောမွေ့စေရေးအတွက် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များကိုကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် တိုက်တွန်းပြောကြားခဲ့သည်။ "ကုန်ပစ္စည်းတွေကို ဒေသတွင်းကနေ ကမ္ဘာ့ဈေးကွက်အထိထိုးဖောက်နိုင်ဖို့အတွက် ဒစ်ဂျစ်တယ် ရောင်းဝယ် ဖောက်ကားမှုပလက်ဖောင်းတွေကို လက်တွေ့အသုံးချပြီး ဈေးကွက်ရှာဖွေတာတွေကို ဆက်လက်လုပ်ဆောင်ကြဖို့လိုပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ကြောင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင် ရာတာဝန်ရှိသူများအနေဖြင့် MSME လုပ်ငန်းရှင်များ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071