၂၀၂၅ တွင် ဧည့်သည် ၂၅ သန်း လာရန်ဗီယက်နမ်အစိုးရ၊ ဗီယက်နမ်အမျိုးသားခရီးသွားလုပ်ငန်း စီမံခန့်ခွဲရေး (VNAT) ကဲ့သို့သော အဓိက ခရီးသွားအသင်းများကအတူတွဲ၍ ရည်မှန်းချက်ပြည့်မီရန်လုပ်ဆောင်လျက်ရှိသည်။
လေကြောင်းလိုင်းများ၊ ခရီးသွားအေဂျင်စီများနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန် အဓိကဗျူဟာများမှာ အစိုးရသည် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသော ဗီဇာမူဝါဒများကိုအကောင်အထည်ဖော်ခဲ့ခြင်း၊ လေကြောင်းစျေးကွက်ရှာဖွေရေးများကို စတင်ခဲ့ခြင်းတို့က အရေးပါလှသည်။
ဗီယက်နမ်၏ ခရီးသွားလာရေး ပြန်လည်ဦးမော့လာခြင်းတွင်ပို့ဆောင်ရေးကဏ္ဍ အထူးသဖြင့် လေကြောင်းလိုင်းများကအဓိကကျပါသည်။
ဗီယက်နမ်လေကြောင်းလိုင်းနှင့် VietJet Air ကဲ့သို့သော ဘတ်ဂျက်လေကြောင်းလိုင်းများက နိုင်ငံတကာအချက်အချာကျသောနေရာများမှ တို-က်ရို-က်ပျံသန်းမှုလမ်းကြောင်းများကို တိုးမြှင့်ခဲ့သည်။
ဗီယက်နမ်၏ လူကြိုက်အများဆုံးနေရာများဖြစ်သည့် ဟနွိုင်း၊ ဟိုချီမင်းနှင့် ဒါနန်းမြို့တို့ကိုအရှေ့တောင်အာရှမြို့ကြီးများ၊ မြောက်အမေရိကနှင့် ဥရောပတို့နှင့် ချိတ်ဆက်ပေးခြင်းဖြင့် ခရီးသွားများအတွက် ပိုမိုလွယ်ကူစွာ သွားလာနိုင်စေသည်။
ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးနောက် နိုင်ငံ၏စီးပွားရေးပြန်လည်နာလန်ထူလာစေရန်အတွက်အစိုးရက အဆိုပါ ၂၅ သန်းပစ်မှတ်အား အခွင့်အရေးအဖြစ် ရှုမြင်သည်။
နိုင်ငံတကာဧည့်သည်များ တိုးပွားလာခြင်းသည် သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ နိုင်ငံတစ်ဝှမ်းရှိ ဒေသခံလူထုနှင့် စီးပွားရေးလုပ်ငန်းများကိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။
ဤမှတ်တိုင်ကိုရောက်ရှိခြင်းသည် ဗီယက်နမ်နိုင်ငံ၏ ခရီးသွားဝင်ငွေကို မြှင့်တင်ပေးရုံသာမက အာရှတွင် ထိပ်တန်းခရီးသွားနေရာတစ်ခုအဖြစ် ဂုဏ်သတင်းကိုလည်း မြှင့်တင်ပေးမည်ဖြစ်သည်။ ထို စီးပွားရေးအကျိုးအမြတ်များသည် ငွေကြေးအမြတ်အစွန်းများထက် ပိုမိုများပြားသည်။
