Tuesday, July 15, 2025

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို...

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင်...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆...

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...
HomeNewsLocal Newsငလျင်ဒဏ်သင့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့်...

ငလျင်ဒဏ်သင့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးဖြစ်

မန္တလေး ငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောသည်။

ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြေပြင်လက်တွေ့အသုံးချနိုင်ရေး နည်းပညာဆိုင်ရာ (Knowledge Sharing) ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မတ်လ (၂၈) ရက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများ ပြန်လည်ပြုပြင်တည် ဆောက်နိုင်ရေးအတွက် “ငလျင်ဒဏ်သင့်အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီ”၏ လမ်းညွှန်ချက်အရ အဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော ဌာနအသီးသီးနှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီများမှ ပညာရှင်များက မြေပြင်တွင်လက်တွေ့လုပ်ကိုင်ဆောင်ရွက်နေသော ကြီးကြပ်သူတာဝန်ခံအင်ဂျင် နီယာများနှင့် ကန်ထရိုက်တာများကို ပြုပြင်ရေးနည်းစနစ်များကို နားလည် သိရှိစေရန်နှင့် လုပ်ငန်းခွင်များတွင် စနစ်တကျပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ချက်ဖြင့် နည်းပညာဆွေးနွေးပွဲကို Knowledge Sharing အနေဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် အဆောက်အအုံများပျ-က်စီးမှု အနည်းအများအလိုက် အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နှင့် အနီရောင်အဆင့်အဖြစ် ခွဲခြားသတ်မှတ်ခဲ့ပြီး သာမန်ပျ-က်စီးမှုဖြစ်သည့် အပြာရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပြီး လိမ္မော်ရောင်အဆင့် ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများကို PE (Structure / Construction) ၏ ကြီးကြပ်မှုဖြင့် ပြင်ဆင်ရမည့်နည်းလမ်းအတိုင်း လိုက်နာ၍ Quality Control ထားရှိပြီး အရည်အသွေး စစ်ဆေးမှုများဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ပျ-က်စီးမှုကြီးမားသည့် အနီရောင်အဆင့် သတ်မှတ်ထားသော အဆောက်အအုံများအား ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက် နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တတ်ရောက်လာကြသူများကလည်း “Product development for Earthquake Repair Works” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “Repair & Retrofit ting works for damages due to earthquake” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “Mapei FRP System for Structure Strengthening Works” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးမည်

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင် ၁၄ ရက်နံနက်ပိုင်းကပြုလုပ်သည့် စိစစ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းရှိ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိ၍ လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တ လေး)ကိုဖြတ်သန်းသွားလာမည့်ကားများအားစိစစ်ရာတွင် ယာဉ်ကြောကြပ်တည်းခြင်းမဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများအခက်အခဲမရှိစေရန် ၁၅ တန်နှင့်အထက် ကုန်တင်ယာဉ်များအား အမရပူရမြို့နယ်ရှိ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်း(စွယ်တော်ကားကွင်း)ရှိစစ်ဆေးရေးစခန်းနှင့် ၁၅...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်ည ၈ နာရီမှ ဇူလိုင် ၁၃ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ(၇၅၃)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့သည်းအပြင် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်(၁၉)ရောဂါဖြင့် ‌ေ-သဆုံးလူနာမရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရော ဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက်...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆ ဒသမ ၄)တန်အား ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာ့နာနတ်သီးများ တရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိပြီးနောက် ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်သွင်းကုန်အဖြစ်တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ " ဒီတစ်ခါတင်သွင်းတဲ့ လတ်ဆတ်တဲ့နာနတ်သီးတွေဟာ မြန်မာနိုင်ငံရဲ့အရည်အသွေးမြင့်စိုက်ခင်းတွေကနေ ရောက်ရှိလာတာပါ။ ချိုမြိန်ပြီးအရည်ရွှမ်းသလို အရသာလည်းအလွန်ကောင်းမွန်ပါတယ်။ ဒီနာနတ်သီးတွေကို ဝမ်တိန်မြို့မှာအမျိုးအစားခွဲပြီး ကူမင်း၊ ချန်တူးစတဲ့ အနောက်တောင်ပိုင်းရဲ့အဓိကမြို့ကြီးတွေမှာ ရောင်းချသွားမှာပါ"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071