Saturday, June 27, 2026

မြန်မာလူငယ်တွေ အတွက်နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးရေး အခွင့်အလမ်း တွေကို...

“လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့်ပညာသင်ဆုတစ်ခု” HVD Scholarship Program ကနေတစ်ဆင့်မြန်မာကျောင်းသား၊ ကျောင်းသူ တွေဟာ ထိုင်းနိုင်ငံရှိIRPC Technological Collegeမှာ အဆင့်မြင့်နည်းပညာဘာသာရပ်တွေကို PTT Group...

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် မဟာဘွဲ့နှင့်...

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း တက္ကသိုလ်မှ ထုတ်ပြန်ကြေညာထားသည်။ ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများတွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (MBA, EMBA)၊...

မော်လမြိုင် တောင်ဝိုင်းရထားသံလမ်းတွင် Hijet ယာဉ်နှင့်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ ဇွန် (၂၇) ရက်) နံနက် (၅) နာရီ (၅၅) မိနစ်ခန့်က...

ဒမ်ဘီလီ ဟက်ထရစ်ဖြင့် ပြင်သစ်က နော်ဝေကို...

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု (I) နောက်ဆုံးပွဲစဉ်တွင် အူစမန် ဒမ်ဘီလီ၏ ဟက်ထရစ်သွင်းဂိုး (၃)ဂိုးဖြင့် ပြင်သစ်အသင်းက နော်ဝေအသင်းကို (၄-၁) ဂိုးဖြင့်...
HomeInternationalထိုင်း- မြန်မာနယ်စပ် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး...

ထိုင်း- မြန်မာနယ်စပ် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး မယ်ဆိုင်ဘက်ခြမ်းတွင် ပြင်ဆင်မှုများ ဆောင်ရွက်နေ

ယခုနှစ် ထိုင်း- မြန်မာနယ်စပ်အတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး မယ်ဆိုင်ဘက်ခြမ်း ချောင်းရိုးတလျှောက် ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ယ‌မန်နေ့မှစတင်ကာ မယ်ဆိုင်မြို့ ထိုင်းအာဏာပိုင်အဖွဲ့က ယန္တယားစက်ကြီးများဖြင့် ယာယီသဲအိပ်များကို အဆင့်ဆင့်ကာရံ၍ ရေစုပ်စက်ကြီးများကိုလည်း အရံသင့်ပြင်ဆင်ထားပြီး၊ မယ်ဆိုင်ချောင်းရိုးတလျှောက်တွင်ရှိ စွန့်ပစ်အမှိုက်များကိုလည်း ဆယ်ယူရှင်းလင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့(မြန်မာ)နှင့် မယ်ဆိုင်မြို့ (ထိုင်း)ဘက်ခြမ်း၌ နှစ်စဉ် မိုးရွာသွန်း၍ တောင်ကျရေကြောင့် မယ်ဆိုင်ချောင်း ရေကြီးရေလျှံဖြစ်ပွားရာမှ နှစ်နိုင်ငံမြို့များအတွင်း ရေနစ်မြှပ်မှုဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် မေလ(၂၄) ရက် နံနက်ပိုင်းအချိန်၌ မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းနှင့်အတူ အမှိုက်များမျောပါ လာသဖြင့် ရှင်းလင်းဖယ်ရှားရန် ထိုင်း -မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားကို ယာယီပိတ်၍ နှစ်နိုင်ငံ ရှင်းလင်းဖယ်ရှားမှုများဆောင်ရွက်ခဲ့ရသေးသည်။

ဓာတ်ပုံ – ကိုစည်သူမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာလူငယ်တွေ အတွက်နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးရေး အခွင့်အလမ်း တွေကို ပံ့ပိုးပေးနေတဲ့ HVD Scholarship Program

“လူငယ်တစ်ယောက်ရဲ့ အနာဂတ်ကိုပြောင်းလဲပေးနိုင်သည့်ပညာသင်ဆုတစ်ခု” HVD Scholarship Program ကနေတစ်ဆင့်မြန်မာကျောင်းသား၊ ကျောင်းသူ တွေဟာ ထိုင်းနိုင်ငံရှိIRPC Technological Collegeမှာ အဆင့်မြင့်နည်းပညာဘာသာရပ်တွေကို PTT Group နဲ့ PTTEP တို့ရဲ့ ပံ့ပိုးမှုဖြင့်ပညာသင် ဆုအပြည့်အဝနဲ့တက်‌ရောက်သင်ယူနိုင်ပြီးအနာဂတ်အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုများကိုရရှိနိုင်ကြပါတယ်။ ယခုVideo တွင်လက်ရှိပညာသင်ယူနေကြသည့်ကျောင်းသား၊ကျောင်းသူများ၏အတွေ့အကြုံများ၊ အိပ်မက်များနှင့်မိဘများ၏ ရင်ထဲကစကားသံများကိုမျှဝေပေးထားပါတယ်။ သူတို့ရဲ့ ပညာသင်ကြားမှုခရီးစဉ်၊ အောင်မြင်မှု အတွက်ကြိုးစားမှုများနှင့်HVD Scholarship Program အပေါ် အမြင်များကိုVideo အပြည့်အစုံတွင်ကြည့်ရှုနိုင်ပါတယ်။ HVDScholarshipProgram #PTTGroup #PTTEP #IRPCTechnologicalCollege MyanmarYouth #EducationForFuture #TechnologyEducation #ScholarshipOpportunity FutureCareer #MyanmarStudents

ရန်ကုန်စီးပွားရေးတက္ကသိုလ် ၂၀၂၆–၂၀၂၇ ပညာသင်နှစ် မဟာဘွဲ့နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဝင်ခွင့်လျှောက်ထားနိုင်

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၂၆–၂၀၂၇ ပညာသင်နှစ်အတွက် မဟာဘွဲ့သင်တန်းများနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း တက္ကသိုလ်မှ ထုတ်ပြန်ကြေညာထားသည်။ ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများတွင် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု (MBA, EMBA)၊ လူမှုစီးပွားတည်တံ့ရေးတီထွင်ဖန်တီးမှုပညာ (MSESI)၊ ဖွံ့ဖြိုးရေးပညာ (MDevS, EMDevS)၊ အသုံးချစာရင်းအင်းပညာ (MAS)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ (MPA, EMPA)၊ စျေးကွက်စီမံခန့်ခွဲမှုပညာ (MMM)၊ ဧည့်ဝတ်နှင့်ခရီးသွားလာရေးစီမံခန့်ခွဲမှုပညာ (MHTM) နှင့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ (MBF) တို့ ပါဝင်သည်။ ထို့ပြင် ဘွဲ့လွန်ဒီပလိုမာသင်တန်းများအဖြစ် သုတေသနပညာ (PGDRS)၊ စီမံအုပ်ချုပ်မှုပညာ (PGDMA) နှင့်...

မော်လမြိုင် တောင်ဝိုင်းရထားသံလမ်းတွင် Hijet ယာဉ်နှင့် ရထားစက်ခေါင်း တို-က်မိ၊ ယာဉ်မောင်းတစ်ဦး ထိခိုက်ဒ-ဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ဝိုင်းလမ်းမကြီးရှိ ရထားသံလမ်းဖြတ်ဂိတ်တွင် ယနေ့ ဇွန် (၂၇) ရက်) နံနက် (၅) နာရီ (၅၅) မိနစ်ခန့်က Hijet ယာဉ်တစ်စီးနှင့် ရန်ကုန်ဘက်သို့ ထွက်ခွာမည့် ရထားစက်ခေါင်းတို့ တို-က်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဈေးကြိုဘက်မှ မော်လမြိုင်တက္ကသိုလ်ဘက်သို့ ယာဉ်မောင်းတစ်ဦးတည်း မောင်းနှင်လာသည့် Hijet ယာဉ်သည် ရထားသံလမ်းဖြတ်ကူးနေစဉ် ရထားစက်ခေါင်းနှင့် တို-က်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်း အမျိုးသားတစ်ဦး ထိခိုက်ဒ-ဏ်ရာများ ရရှိခဲ့သည်။ ထိခိုက်ဒ-ဏ်ရာရရှိသူအား ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အရေးပေါ်ရှေးဦးပြုစုကုသမှုများ ပြုလုပ်ပေးကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071