Looking for something?

Explore the website

Looking for something?

Wednesday, July 16, 2025

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့...

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊...

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၆ လအတွင်း ပြည်တွင်းပြည်ပမှ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတာအတွင်းပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏...
HomeNewsLocal Newsမိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကားတိမ်းမှောက် (၆)ဦးသေဆုံး...

မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကားတိမ်းမှောက် (၆)ဦးသေဆုံး (၁၁)ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်းတွင် ယနေ့ ဇွန် ၂ ရက်နံနက်အစောပိုင်း ၃ နာရီခွဲခန့်က အဝေးပြေးခရီးသည်တင်(Express)ကား တိမ်းမှောက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းသွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၄/ ၃ နှင့် ၁၄/၄ ကြားတွင် အဝေးပြေးခရီးသည်တင်(Express)ကားတိမ်းမှောက်ခဲ့သဖြင့် မိတ္ထီလာခရိုင်မီးသတ်စခန်းမှ Rescue & Towing ပိုလန်ရှာဖွေကယ်ဆယ်ရေးယာဉ် မီးငြှိမ်းသတ်ယာဉ်၊ လူနာတင်ယာဉ်တို့နှင့်အတူမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

” ဖြစ်စဥ်မှာသေဆုံးသွားတဲ့ တစ်ချို့လူတွေဆိုရင် ကားအောက်မှာပိမိနေတဲ့အတွက် မြင်လို့တောင်မကောင်းတဲ့အနေအထားဖြစ်သွားတယ်။ ကားကိုပြန်ထောင်ပြီးမှထုတ်ယူခဲ့ရတာပါ”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်ကြောင့် (၆)ဦးမှာ ထိခိုက်ဒဏ်ရာများရ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ပြီး (၁၁)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ပြည်သာယာ(တောင်)လူမှုကူညီရေးအသင်းတို့မှ မိတ္ထီလာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဆည်အတွင်းရေဝင်ရောက်ရာလမ်းကြောင်းများ၊ တမံပြန်လည်ပြုပြင်ရန် ဘူမိဗေဒတိုင်းတာခြင်း၊ မြေစမ်းသပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ ရေလှောင်တ မံရေထုတ်ပြွန်မှရေယိုစိမ့်မှုနှင့် မြေသားတမံ၏ ဖို့မြေထိခို-က်ပျ-က်စီးမှုများကို ပြန်လည်ပြုပြင်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများကရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် နစက ဒု-ဥက္ကဋ္ဌမှ ရေလှောင်တမံအတွင်းရှိ ငလျင်ဒဏ်ကြောင့်ထိခို-က်ပျက်စီးခဲ့သည့် ရေလယ်အဆောက်အအုံအား ဖယ်ရှားရှင်းလင်းနေမှု၊ အရန်အရေးပေါ်ရေပိုလွှဲအား ရေတံခါးတပ်ဆင်၍ ရေလွှဲပေါက်တစ်ခုအဖြစ် ဆောင်ရွက်နေမှုတို့ကို...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့ ပြန်လည်ရောက်ရှိ

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup) တွင် ရွှေတံဆိပ်(၁၀)ဆွတ်ခူးပေးခဲ့သည့် မြန်မာလှေလှော်အဖွဲ့ သည် ယမန် နေ့ ည(၁၀)နာရီခွဲအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာလှေလှော်အဖွဲ့ သည် ရွှေတံဆိပ် (၁၀)အပြင် ငွေတံဆိပ်(၁)ခု ၊ ကြေးတံဆိပ်(၄)ခု စုစုပေါင်း ဆုတံဆိပ် (၁၅)ခုကို ထိုက်ထိုက်တန်တန် ရယူပေးနိုင်ခဲ့သည်။ အဆိုပါ အောင်ပွဲရအားကစားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်း ဒေါက်တာကျော်ရဲဟိန်း...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊ လုံခြုံရေးလုပ်ငန်းစဉ်များကို ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ပြောသည်။ မဲပေးစက်(MEVM)သည် ရိုးရှင်း၍ လုံခြုံစိတ်ချရသော စနစ်ဖြင့်တည်ဆောက်ထားပြီး မဲပေးရာတွင် မြန်ဆန်လွယ်ကူပြီး ပယ်မဲမရှိဘဲ အချိန်တိုအတွင်း တိကျသော မဲရလဒ်များရရှိနိုင်မည်ဖြစ်၍ တရားမျှတပြီး သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်စေမည် ဖြစ်ကာ ယင်းသို့ မဲပေးစက်ဖြင့် မဲပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပဆောင်ရွက်ခြင်းဖြစ်ရာ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်မည့်သူများ စနစ်တကျကိုင်တွယ်နိုင်ရေးမှာ အဓိကကျသည်ဟုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071