Sunday, July 20, 2025

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး...

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ...

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏...

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀)...

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...
HomeInternationalထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

မေလ ၁၇ ရက်နေ့က ထိုင်းတပ်မ​တော် ​ဒေသ ၂ ကွပ်ကဲ​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ် (၇၄၅) တွင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များ နှင့် ထိ​တွေ့ပစ်ခတ်မှု့နှင့်ပတ်သက်၍  အချက်အလက်များကို  ဓာတ်ပုံအထောက်အထားများဖြင့် ထုတ်ပြန်ထားသည်။

Ubon Ratchathani ပြည်နယ်ရှိ အဆိုပါဖြစ်ရပ်တွင် က​မ္ဘောဒီးယားဖက်မှ ကတုတ်ကျင်းများတူးကာ အခြေစိုက်စခန်းတည်ဆောက်ရန် ပြင်ဆင်မှုများလည်း ပါဝင်ခဲ့သည်။

ထိုင်းနိုင်ငံမှ Suranaree Task Force သည် ကမ္ဘောဒီးယား တပ်မ​တော်ဖက်နှင့် ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ကမ္ဘောဒီးယားဘက်မှ ကတုတ်ကျင်းတူးခြင်း လုပ်ငန်းများကို ရပ်တန့်ရန်နှင့် နယ်မြေမှ၎င်းတို့၏ တပ်ဖွဲ့များကို ရုပ်သိမ်းရန် သဘောတူညီခဲ့သည်။

အနာဂတ်တွင် နှစ်ဖက်စလုံးက လက်နက်မကိုင်ဘဲ တွေ့ဆုံရန် စီစဉ်ခဲ့ကြပြီး ပူးတွဲကင်းလှည့်ရေး အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ချောင်အန်းမ နယ်စပ်ဈေးသည်လည်း ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီး နယ်စပ်ဖြတ်ကျော်မှု ပိတ်ပါက နှစ်နိုင်ငံနိုင်ငံသားများကို ထိခို-က်စေနိုင်ကြောင်း ထိုင်းဒုတိယဗိုလ်ချုပ်ကြီး Boonsin မှ ပြောကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်သည် အရှည် ၈၁၇ ကီလိုမီတာ ရှည်လျားပြီး အရှေ့မြောက်ဘက်ရှိ လာအိုနှင့်ပါထိစပ်လျှက်ရှိသည်။

ထိုင်းပိုင်နက်အတွင်း ကျန်ရှိ​နေခဲ့သည့်ဆူရင်ပြည်နယ်ရှိ ခမာအင်ပါယာဘုရင် သတ္တမ​မြောက်  ဂျာဝမန် က ၁၃ ရာစုတွင် တည်ဆောက်ခဲ့သော တမူးတုံ ဘုရားကျောင်းနားတွင်လည်း ​မေလဆန်းက အ​ခြေအ​နေတင်းမာခဲ့ကြ​သေးသည်။

Ref:Khaosod
Bangkokpost

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က အမြင့်ဆုံး မုန်တိုင်းသတိပေးချက် ထုတ်ပြန်လိုက်ရပြီး လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။ မြို့၏ မိုးလေဝသလေ့လာစောင့်ကြည့်ရေးဌာနက နံနက် ၉း၂၀ နာရီတွင် မုန်တိုင်းသတိပေးချက်ကို အဆင့် ၁၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယင်းအဆင့်တွင် အချိန်အတော်ကြာရှိနေမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။ မုန်တိုင်းသည် စောင့်ကြည့်ရေးဌာန၏ တောင်ဘက် ၅၀ ကီလိုမီတာဝန်းကျင်တွင်ရှိနေကြောင်းနှင့် ဟာရီကိန်းလေတိုက်နှုန်းသည် ဟောင်ကောင်တောင်ပိုင်းဒေသများကို...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ ၄၀ နီးပါး ‌ေ-သဆုံး

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏ နာမည်ကြီး Ha Long ပင်လယ်အော်တစ်ဝိုက်တွင် မိသားစုများ တင်ဆောင်လာသည့် ကမ္ဘာလှည့်ခရီးသွားရေယာဉ်သည် စနေနေ့က မုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့ရပြီး ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေတွင် လူအသေအပျောက်အများဆုံး သဘာဝဘေးတစ်ခုဖြစ်ခဲ့သည်။ ခရီးသည် ၄၈ ဦးနှင့် ရေယာဉ်အမှုထမ်း ငါဦး လိုက်ပါလာသည့် “Wonder Sea” ရေယာဉ်သည် ရုက်တရက် မိုးသဲသဲမဲမဲရွာသွန်းမှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဟု VNExpress...

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန်မျှော်မှန်းထား

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့ ငါးတင်ပို့ရာတွင် ရန်ကုန်မြို့ မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရို-က်တင်ပို့ လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။ လက်ရှိတွင် ငါးများ ပေါက်ဖွားရန် အခွင့်အလမ်းကောင်းများ ပိုမိုရရှိစေရေးအတွက် ရေချို၊ ရေငံငါးများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071