Sunday, July 20, 2025

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး...

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ...

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏...

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀)...

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...
HomeNewsLocal Newsနှစ်သစ်တွင် နိုင်ငံတော်ကဆက်လက်လျှောက်လှမ်းမည့် ပါတီစုံဒီမိုကရေစီဖော်ဆောင်မှု၌...

နှစ်သစ်တွင် နိုင်ငံတော်ကဆက်လက်လျှောက်လှမ်းမည့် ပါတီစုံဒီမိုကရေစီဖော်ဆောင်မှု၌ နိုင်ငံသူ၊နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

နှစ်သစ်တွင် နိုင်ငံတော်ကဆက်လက်လျှောက်လှမ်းမည့် ပါတီစုံဒီမိုကရေစီဖော်ဆောင်မှု၌ နိုင်ငံသူ၊နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၁၇ ရက်(မြန်မာနှစ်သစ်ကူး/နှစ်ဆန်းတစ်ရက်နေ့)တွင် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

” နှစ်ဟောင်းမှာ ကျွန်တော်တို့ကြုံတွေ့ခဲ့တဲ့ ဘေးဒုက္ခတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကနေ အားနည်းချက်တွေကို သင်ခန်းစာယူဖော်ထုတ်ပြီး နှစ်သစ်မှာ အတွေးသစ်၊ အမြင်သစ်နဲ့ နိုင်ငံတော်က ဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီဖော်ဆောင်မှုမှာ နိုင်ငံသူနိုင်ငံသားများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြပါလို့တိုက်တွန်းလိုပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် နိုင်ငံတော်တွင် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို နစက အစိုးရမှ ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုလိုလားသော ပါတီစုံဒီမိုကရေစီစနစ်ကို အမြန်ဆုံးပြန်လည်အကောင်အထည်ဖော်ပေးနိုင်ရန် လာမည့် ဒီဇင်ဘာလအတွင်း၌ လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

” ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲအောင်အောင်မြင်မြင်ပြီးမြောက်နိုင်ဖို့အတွက် မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသား အားလုံးရဲ့ အကျိုးစီးပွားကို အကောင်းဆုံးဖော်ဆောင်ပေးနိုင်ဖို့ အစဉ်သဖြင့် ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် တည်ငြိမ်အေးချမ်းမှုလိုအပ်၍ ရေရှည်တည်တံ့ပြီးစစ်မှန်သည့် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဖော်ဆောင်နေကာ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများအဆုံးသတ်နိုင်ရန် နစက အစိုးရမှ နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းဖြင့်သာဖြေရှင်းကြရန်ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်ကိုရင်ဝယ်ပိုက်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ကြလိမ့်မည်ကိုယုံကြည်သည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က အမြင့်ဆုံး မုန်တိုင်းသတိပေးချက် ထုတ်ပြန်လိုက်ရပြီး လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။ မြို့၏ မိုးလေဝသလေ့လာစောင့်ကြည့်ရေးဌာနက နံနက် ၉း၂၀ နာရီတွင် မုန်တိုင်းသတိပေးချက်ကို အဆင့် ၁၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယင်းအဆင့်တွင် အချိန်အတော်ကြာရှိနေမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။ မုန်တိုင်းသည် စောင့်ကြည့်ရေးဌာန၏ တောင်ဘက် ၅၀ ကီလိုမီတာဝန်းကျင်တွင်ရှိနေကြောင်းနှင့် ဟာရီကိန်းလေတိုက်နှုန်းသည် ဟောင်ကောင်တောင်ပိုင်းဒေသများကို...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ ၄၀ နီးပါး ‌ေ-သဆုံး

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏ နာမည်ကြီး Ha Long ပင်လယ်အော်တစ်ဝိုက်တွင် မိသားစုများ တင်ဆောင်လာသည့် ကမ္ဘာလှည့်ခရီးသွားရေယာဉ်သည် စနေနေ့က မုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့ရပြီး ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေတွင် လူအသေအပျောက်အများဆုံး သဘာဝဘေးတစ်ခုဖြစ်ခဲ့သည်။ ခရီးသည် ၄၈ ဦးနှင့် ရေယာဉ်အမှုထမ်း ငါဦး လိုက်ပါလာသည့် “Wonder Sea” ရေယာဉ်သည် ရုက်တရက် မိုးသဲသဲမဲမဲရွာသွန်းမှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဟု VNExpress...

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန်မျှော်မှန်းထား

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့ ငါးတင်ပို့ရာတွင် ရန်ကုန်မြို့ မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရို-က်တင်ပို့ လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။ လက်ရှိတွင် ငါးများ ပေါက်ဖွားရန် အခွင့်အလမ်းကောင်းများ ပိုမိုရရှိစေရေးအတွက် ရေချို၊ ရေငံငါးများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071