Thursday, May 7, 2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏...

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း...

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ်...

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင်...

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို...

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီ...
HomeInternationalယူကရိန်းတွင် ရွေးကောက်ပွဲများ ကျင်းပရန်...

ယူကရိန်းတွင် ရွေးကောက်ပွဲများ ကျင်းပရန် ငြင်းဆန်သည့်အတွက် ဇယ်လင်စကီးကို ထရမ့်က “အာဏာရှင်” ဟု ခေါ်ဝေါ်သုံးနှုန်း

ယူကရိန်းတွင် သမ္မတရွေးကောက်ပွဲများ ကျင်းပရန် ငြင်းဆန်သည့်အတွက် ဗလာဒီမာ ဇယ်လင်စကီးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြစ်တင်ခဲ့သည်။

“ရွေးကောက်ပွဲမလိုတဲ့ အာဏာရှင်၊ ဇယ်လင်စကီး မြန်မြန်ဆန်ဆန် ဆင်းသင့်တယ်၊ မဟုတ်ရင် သူ့မှာ နိုင်ငံဆိုတာ ကျန်မှာမဟုတ်တော့ဘူး” ဟု ထရမ့်က သူ၏ Truth ဆိုရှယ်မီဒီယာစာမျက်နှာတွင် ရေးသားခဲ့သည်။

ထို့အပြင် အမေရိကန်သည် ဥရောပနှင့်မတူဘဲ ရုရှားနှင့် “အောင်မြင်စွာ ညှိနှိုင်းဆွေးနွေး” နေကြောင်း၊ ဥရောပသည် “ငြိမ်းချမ်းရေးယူဆောင်လာရန် ပျက်ကွက်” ကြောင်းတို့ကိုပါ သူက ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့်နှင့် ဗလာဒီမာ ပူတင်တို့သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖုန်းဖြင့် စကားပြောဆိုခဲ့ကြသည်။ ခေါင်းဆောင်နှစ်ဦးသည် ယူကရိန်းရှိ စစ်ပွဲရပ်စဲရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ဆက်သွယ်ဆက်ဆံရေးများကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံပွဲတစ်ခု စီစဉ်ရန် သဘောတူညီခဲ့ကြသည်။ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ခေါင်းဆောင်နှစ်ဦးကြား စကားပြောဆိုမှုသည် “ရင်းနှီးသောမိတ်ဆွေနှစ်ဦး တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြခြင်း” ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရုရှားနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့များသည် ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့တွင် ၄နာရီခွဲခန့် ကြာမြင့်သော ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြသည်။ ရုရှားအစိုးရဖက်မှ ကိုယ်စားလှယ်အဖွဲ့ အတွင်းရေးမှူး ယူရီ ဥူရှာကော့ဗ်က ကိုယ်စားလှယ်အဖွဲ့များသည် ရုရှားနှင့် အမေရိကန်တို့၏ သဘောထားများ နီးစပ်လာခြင်းနှင့် ယူကရိန်းနှင့်ပတ်သက်သည့် ဆက်သွယ်မှုများအပါအဝင် ၎င်းတို့ကိုင်တွယ်လိုသည့် ကိစ္စရပ်များအားလုံးနှင့်ပတ်သက်၍ လေးနက်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဇယ်လင်စကီး၏ သမ္မတ သက်တမ်း ငါးနှစ်သည် ၂၀၂၄ ခုနှစ် မေလတွင် ကုန်ဆုံးခဲ့ပြီဖြစ် သော်လည်း၊ ရုရှားနှင့် စစ်ဖြစ်နေစဉ်ကာလအတွင်း ယူကရိန်း၌ စစ်အုပ်ချုပ်ရေးပြဌာန်း ခဲ့သည့်အချိန်မှစ၍ သမ္မတရွေးကောက်ပွဲများကို ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ် ကူညီ

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အမ်ဗီဂူတမ်” အမည်ရှိ သင်္ဘောသည် အိန္ဒိယနိုင်ငံသား ခြောက်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး အပါအဝင် သင်္ဘောသား ခုနစ်ဦးကို တင်ဆောင်လာခဲ့ပြီး အိုမန်မှ အိန္ဒိယသို့ ဦးတည် ခုတ်မောင်းနေစဉ် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပင်လယ်ထဲတွင် သောင်တင်နေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရေတပ်သည် “ကက်ရှ်မီးယား” အမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071