ပေကျင်း၊ဖေဖော်ဝါရီ ၁၉
ပေကျင်း၌ကျင့်သုံးလျက်ရှိသည့် လေထုညစ်ညမ်းမှုတိုက်ဖျက်ရေး အကောင်းဆုံးအေလ့အထများကို ထိုင်းနိုင်ငံ၏မြို့တော်ဘန်ကောက်သို့ပါ မျှဝေပေးသွားမည်ဖြစ်ကြောင်း မြို့နှစ်မြို့၏ သဘာဝပတ်ဝန်းကျင်အာဏာပိုင်များ၏ သဘောတူညီချက်အရသိရသည်။
တရုတ်နှင့်ထိုင်း သံတမန်ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် လေထုအရည်အသွေးစောင့်ကြည့်ရေးနှင့် စီမံခန့်ခွဲမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို နှစ်ဖက်အာဏာပိုင်များက ဗီဒီယိုမှတစ်ဆင့် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
သုံးနှစ်ကြာပူးပေါင်းဆောင်ရွက်သွားမည့် အဆိုပါ စာချွန်လွှာ၌ ပေကျင်းတွင်ကျင့်သုံးနေသည့် လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးအေလ့အထ ကျင့်စဉ် များကိုမျှဝေခြင်းအပါအဝင် PM 2.5 အမှုန်ပါဝင်မှု ကိုစောင့်ကြည့်ထိန်းချုပ်ခြင်းနှင့်လျှော့ချခြင်းများကိုပါ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်းသိရသည်။
ယခုနှစ်အပိုင်းအခြားကာလများအတွင်း ပေကျင်းသည် လေထုသန်ုရင်းရေး စီမံကိန်းများကို ဆောင်ရွက်ပြီး နောက်ပိုင်း ၎င်း၏လေထုအရည်အသွေးသည် သိသိသာသာ မြင့်တက်လာခဲ့သည်။
၂၀၁၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ပေကျင်းလေထု၌ PM 2.5 ပါဝင်မှုနှုန်းသည် ၆၅ ဒသမ ၉ ရာခိုင်နှုန်း၊PM 10 သည် ၅၀ ရာခိုင်နှုန်းနှင့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်သည် ၅၇ ဒသမ ၁ ရာခိုင်နှုန်း၊ဆာလဖာဒိုင်အောက်ဆိုဒ်ပါဝင်မှုနှုန်းသည် ၈၈ ဒသမ ၇ ရာခိုင်နှုန်းစသဖြင့်အသီးသီးလျော့ကျသွားသည်ဟုသိရသည်။
Source : ရှင်းဟွာ
