Monday, August 3, 2026

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး...

ရပ်တန့်နေသည့် ပူးတွဲကုန်သွယ်ရေးကော်မတီနှင့် နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေး ဆွေးနွေး ဒါကာ၊ ဩဂုတ် ၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E....

လေးမျက်နှာမြို့မှရေဘေးသင့်သူများအား တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သမဝန်ကြီးဌာနကလှူဒါန်း 

ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေရေဘေးသင့်နေသူများအတွက် သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သြဂုတ် ၂ ရက်တွင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊...

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့်...

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ နည်းပညာတက္က သိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စိုက်ပျိုး ရေးတက္ကသိုလ်များတွင်တက်ရောက်ပ ညာသင်ကြားမည့် ထူးချွန်ကျောင်း...

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်(၁၀)နှစ်ပြည့် အထိမ်းအမှတ် သဲပုံစေတီငယ်ပေါင်း(၁,၀၀၀)ကိုစုပေါင်းတည်ထားပူဇော်

ရှမ်းပြည်နယ် ဗုဒ္တတက္ကသိုလ်(၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သြဂုတ် ၂ ရက်တွင် သဲပုံစေတီငယ် ပေါင်း(၁,၀၀၀)ကိုစုပေါင်းတည်ထားပူဇော်ပြီး မိုင်းဖုန်းဆရာတော်ကြီး၏ နည်းနာနိဿယအတိုင်း နမ့်လန်မြို့၊ မဇ္ဈိမာရာမကျောင်းဆရာတော်ဦးဆောင်၍ စုပေါင်းပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
HomeInternationalဗီယက်နမ်က 2025 တွင်...

ဗီယက်နမ်က 2025 တွင် ဂျီဒီပီ 8 ရာခိုင်နှုန်းတိုးဖို့ ရည်မှန်းထား

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဂျီဒီပီ ကို ၆ ဒဿမ ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း တိုးတက်ရန် အတည်ပြုထားခဲ့သော ၂၀၂၅ ခုနှစ်အတွက် ရည်မှန်းချက်ကို အနည်းဆုံး ၈ ရာခိုင်နှုန်းအထိ တိုးမြှင့်ပြင်ဆင်ချက်ကို ဗီယက်နမ် လွှတ်တော်က ဗုဒ္ဓဟူးနေ့တွင် မဲခွဲအတည်ပြုလိုက်ကြောင်း သိရသည်။

၂၀၂၆ မှ ၂၀၃၀ ပြည့်နှစ်အရောက်တွင် ဂျီဒီပီတိုးတက်မှု ဂဏန်းနှစ်လုံးသို့ ရောက်ရှိရန်နှင့် ၂၀၄၅ ခုနှစ်တွင် ဝင်ငွေမြင့်မားသော နိုင်ငံတစ်ခုဖြစ်လာစေရန်အတွက် စီးပွားရေးအရှိန်အဟုန်ကို ဖန်တီးရန် ယခုနှစ်တွင် တိုင်းပြည်၏ စီးပွားရေးအားကောင်းစေရေး ကြိုးပမ်းနေစဉ် ယခု ဆုံးဖြတ်ချက်ထွက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင် ဗီယက်နမ်၏ ဂျီဒီပီ သည် ၇ ဒဿမ ၀၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အာရှတွင် အလျင်မြန်ဆုံး တိုးတက်မှုနှုန်းတစ်ခုဖြစ်ခဲ့သည်။ ယင်း တိုးတက်မှုနှုန်းသည် အာရှဖွံဖြိုးရေးဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့အပါအဝင် အထင်ကရ နိုင်ငံတကာ ပညာရှင်အများစု၏ ခန့်မှန်းချက်များကိုလည်း ကျော်တက်သွားခဲ့သည်။

သီတင်းတစ်ပတ်ကြာ အစည်းအဝေးကာလအတွင်း လွှတ်တော်သည် နိုင်ငံ၏ မြင့်မားသော တိုးတက်မှုရည်မှန်းချက်ကို ပံ့ပိုးမည့် မူဝါဒအမျိုးမျိုးကိုလည်း တရားဝင် အတည်ပြုခဲ့သည်။

နောက်ဆုံးအစီအစဉ်များအရ ဗီယက်နမ်သည် ၂၀၃၅ ခုနှစ်တွင် ၎င်း၏ အကြီးဆုံးမြို့ကြီးနှစ်ခု၌ မြို့ပြရထားလိုင်း ၁၇ ခုအတွက် ရထားလမ်းအရှည် ၇၅၂ ကီလိုမီတာတိုးချဲ့ရန်နှင့် နိုင်ငံ၏ ပထမဆုံး နျူကလီးယားဓါတ်အားပေးစက်ရုံကို ၂၀၃၁ ခုနှစ် အစောဆုံးထား၍ ပြီးစီးရန် ရည်ရွယ်ထားသည်။

ပါလီမန်သည် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးမည်ဖြစ်ကာ နိုင်ငံ၏ အဓိကကုန်ထုတ်လုပ်မှု အချက်အချာနေရာအချို့ကိုလည်း ဖြတ်သန်းမည့် မြန်နှုန်းမြင့် မီးရထားလမ်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၄ ဘီလျံ ရင်းနှီးမြုပ်နှံရေး ရင်းနှီးမြုပ်နှံမှု မူဝါဒကိုလည်းလည်း အတည်ပြုခဲ့သည်။

၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်ရန် ရည်မှန်းသော အဆိုပါ ရထားလမ်းအတွက် နိုင်ငံတော် ဘတ်ဂျက်၊ တရုတ်အစိုးရက ပံ့ပိုးသော နိုင်ငံခြားချေငွေများနှင့် အခြား တရားဝင်အရင်းအမြစ်များမှ ဘဏ္ဍာငွေထောက်ပံ့သွားမည်ဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

ရပ်တန့်နေသည့် ပူးတွဲကုန်သွယ်ရေးကော်မတီနှင့် နှစ်နိုင်ငံညှိနှိုင်းအစည်းအဝေးများ ပြန်လည်ကျင်းပနိုင်ရေး ဆွေးနွေး ဒါကာ၊ ဩဂုတ် ၃ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Khandakar Abdul Muktadir နှင့် ဩဂုတ် ၂ ရက် နံနက်ပိုင်းက တွေ့ဆုံ၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်၊ ဆန်နှင့် ဆေးဝါးများ အပါအဝင် ကုန်ပစ္စည်းကုန်သွယ်ရေး တိုးမြှင့်ရေး၊ ရေကြောင်းပို့ဆောင်ရေး...

လေးမျက်နှာမြို့မှရေဘေးသင့်သူများအား တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သမဝန်ကြီးဌာနကလှူဒါန်း 

ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေရေဘေးသင့်နေသူများအတွက် သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း(၁၁)မျိုးပါဝင်သော စက္ကူပုံး(၅၀၀)ကို သြဂုတ် ၂ ရက်တွင်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊ စာရေးကွင်း ကျေးရွာဓမ္မာရုံတွင်ဖွင့်လှစ်ထားသော ယာယီရေဘေးကယ်ဆယ်ရေးစခန်း၌လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။ အဆိုပါ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ န၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလှူဒါန်းသည့် ထောက်ပံ့ပစ္စည်းပုံးများကို အရေးပေါ်လိုအပ်သည့်နေရာများသို့ဆက်လက်ဖြန့်ခွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူ(၅၀)ဦးကို AYA Scholarship အဖြစ် လစဉ်(၃)သိန်းကျပ်နှင့် သင်ထောက်ကူပစ္စည်းများအ တွက် နှစ်စဉ်(၅)သိန်းကျပ်ထောက်ပံ့မည်

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ နည်းပညာတက္က သိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စိုက်ပျိုး ရေးတက္ကသိုလ်များတွင်တက်ရောက်ပ ညာသင်ကြားမည့် ထူးချွန်ကျောင်း သား/သူ(၅၀)ဦးကို AYA Scholarship ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ AYA Scholarship အား မြန် မာနိုင်ငံသား ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူ သက် ဆိုင်ရာ တက္ကသိုလ်/ကောလိပ်(သို့)ပ ညာရေးအဖွဲ့အစည်းတွင်တက်ရောက်ခွင့်ရရှိထားသူ ပညာရေးတွင်ထူးချွန်ပြီး သင်ယူလိုစိတ်/ကြိုးစားအားထုတ်မှုနှင့် ခေါင်းဆောင်မှုအလားအလာရှိသူ ပညာရေးကိုဆက်လက်သင်ယူလိုပြီး အမှန်တကယ်ပညာသင်ထောက်ပံ့ ကြေးလိုအပ်သော ‌ကျောင်းသား/သူ များအား ဦးစားပေးရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ သတ်မှတ်အရည်အချင်းများနှင့်ကိုက်ညီသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071