မော်စကို၏ စစ်ပွဲအဆုံးသတ်ရေးအတွက် စစ်မှန်သော ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများတွင် ယူကရိန်းနှင့် ဥရောပတို့ ပါဝင်လာလိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တနင်္ဂနွေနေ့ တွင် ပြောကြားလိုက်သည်။
လာမည့်ရက်ပိုင်းအတွင်း ဆော်ဒီအာရေဗျတွင် ပြုလုပ်ရန်စီစဉ်ထားသည့် ရုရှားနှင့် အမေရိကတို့အကြား ကနဦး ဆွေးနွေးမှုများမှာ မပါဝင်ရ၍ ဥရောပ၏ စိုးရိမ်ပူပန်မှုများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပယ်ချခဲ့သည်။
စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်သည် အချေအတင်အဆင့်မရောက်သေးကြောင်းနှင့် ဆွေးနွေးမှုများတိုးတက်လာပါက ယူကရိန်းနှင့် အခြားဥရောပနိုင်ငံများ ပါဝင်လာမှာဖြစ်ကြောင်း CBS နှင့် အင်တာဗျူးတွင် ရူဘီယိုက ပြောကြားခဲ့သည်။
ယူကရိန်းနှင့် ရုရှားအကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရာတွင် တပ်ဖွဲ့ဝင်မည်မျှ ပံ့ပိုးနိုင်မည်လဲဆိုသည့် မေးခွန်းကို အမေရိကန်အရာရှိများက ဥရောပအရာရှိများထံ ပေးပို့ထားသည်ဟု တနင်္ဂနွေနေ့အစောပိုင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတထရမ့်ပ်သည် ဗလာဒီမာပူတင်နှင့် စကားပြောခဲ့ကြောင်း ယင်းတွင် သူ၏ ငြိမ်းချမ်းရေးလိုလားသော သဘောထားကို ပူတင်က ထုတ်ပြောခဲ့ကြောင်းနှင့် ထရမ့်ပ်ကလည်း ယူကရိန်း၏ အချုပ်အခြာအာဏာကို အကာအကွယ်ပေးကာ ပဋိပက္ခကို ရေရှည် အဆုံးသတ်လိုသော သူ၏ ဆန္ဒကို ထုတ်ပြောခဲ့ကြောင်း CBS ၏ “Meet the Press” ကဏ္ဍတွင် ရူဘီယိုက ပြောကြားခဲ့သည်။
ယခုအခါ နောက်ဆက်တွဲ လုပ်ဆောင်ရမည့်အရာများရှိသည်မှာ သိသာထင်ရှားကြောင်း၊ ထို့အတွက် လာမည့် ရက်သတ္တပတ်နှင့် ရက်အနည်းငယ်အတွင်း မည်မျှ လေးနက်အကြီးသလဲဆိုသည်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်ကြောင်း သူက ဆိုခဲ့ပြီး ဖုန်းတစ်ချက်ဆက်ရုံမျှဖြင့်မူ ငြိမ်းချမ်းရေးရလာမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန်သံတမန် စတိဗ်ဝစ်ကော့ဖ်နှင့် နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက် ဝေါ့ဇ်တို့သည် တနင်္ဂနွေနေ့ညနေပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း ဝစ်ကော့ဖ်က Fox News နှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။
Ref: အာရပ်နူးစ်
