မြူးနစ်၊ဖေဖော်ဝါရီ ၁၆
အမေရိက၊ဂျပန်နှင့်တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယား၌ နျူကလီးယားကင်းစင်ရေးနှင့်အပြီးသတ်ဖျက်သိမ်းရေးကို ကြိုးပမ်းဆောင်ရွက်မည့် ၎င်းတို့၏ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း မဟာမိတ်သုံးနိုင်ငံကညထုတ်ပြန်သည့် ပူးတွဲကြေငြာချက်တွင်ဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် မာကိုရူဘီယိုက ဂျာမနီ၌ကျင်းပသည့် မြူးနစ်လုံခြုံရေးညီလာခံပြင်ပ၌ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချွဲတေရယ်နှင့်ဂျပန်နိုင်ငံ၏ထိပ်တန်းသံတမန် တကဲရှိအီဝယတို့နှင့်တွေ့ဆုံပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၎င်းတို့က မြောက်ကိုရီးယားနှင့်ပတ်သက်ပြီး နျူလက်နက်နှင့်ဒုံးကျည်ရေးရာကိစ္စများ၊ ခရစ်တို ငွေကြေး ခိုးယူမှုအပါအဝင် အန္တရာယ်ရှိသည့် ဆိုက်ဘာစနစ်များ၊ရုရှားနှင့်စစ်ရေးအရပူးပေါင်းနေမှုများအပေါ်လည်း စိုးရိမ်ပူပန်မိသဖြင့် ထိထိရောက်ရောက်ဆောင်ရွက်သင့်နေပြီဟုလည်းေပြာခဲ့ကြသည်။
မဟာမိတ်သုံးနိုင်ငံလုံးက ၎င်းတို့၏ အမိမြေကို ရန်စခြိမ်းခြောက်မှုများလုပ်လာမည်ကို သည်းခံနေမည်မဟုတ်ကြောင်း ပြုံယမ်းထံပြတ်သားသည့်သတိပေးချက်ပေးပို့ခဲ့သကဲ့သို့ အရေးယူပိတ်ဆို့မှုများကိုလည်း ပိုမို တိုးမြှင့် ဆောင်ရွက်သွားမည်ဟုပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်
