ဥရောပနိုင်ငံများသည် ရုရှား၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန်အတွက် တစ်ခုတည်းသော တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းမည်မဟုတ်ကြောင်း စနေနေ့ညပိုင်းက နိုင်ငံပိုင်ရုပ်သံဌာနနှင့် အင်တာဗျူးတွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော စစ်ကော်စကီက ပြောကြားလိုက်သည်။
ယူကရိန်းသမ္မတ ဇလန်းစကီးက ဥရောပတပ်တော်တစ်ခု ဖန်တီးရန် စနေနေ့အစောပိုင်းက တောင်းဆိုခဲ့ပြီး ဥရောပတိုက်အနေဖြင့် အမေရိက၏ အကာအကွယ်ပေးမှုကို အာမခံနိုင်တော့မည်မဟုတ်ကြောင်းနှင့် ခိုင်မာသော စစ်အင်အားဖြင့်သာ ဝါရှင်တန်၏ လေးစားမှုကို ရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဥရောပတပ်တော်တစ်ခုဖန်တီးရန် ဖြစ်နိုင်ခြေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာတွင် “လူတွေက နားလည်သဘောပေါက် ပုံခြင်း မတူကြတာကြောင့် ဒီအသုံးအနှုန်းမျိုးကို သတိထားသင့်ပါတယ်” ဟု စစ်ကော်စကီက TVP World ကို ပြောကြားခဲ့သည်။
“ဒီလို သိထားရင် နိုင်ငံတော် စစ်တပ်တွေ ပေါင်းစည်းရေးက ဖြစ်လာမှာ မဟုတ်ပါဘူး” သူက ဆိုခဲ့သည်။ သို့ရာတွင် သူသည် ဥရောပကို၊ ဥရောပသမဂ္ဂကို ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်များ မြှင့်တင်ရန် ထောက်ခံသူဖြစ်သည်ဟု ဆိုသည်။
အီးယူသည် လက်ရှိတွင် ပြန်လည်အားဖြည့်ထားသော တပ်မဟာတစ်ခု ကို ဖွဲ့စည်းနေကြောင်း သူက ဆိုသည်။
ယူကရိန်းမြေပေါ်တွင် ပိုလန်တပ်များ ချထားရေးသည် ထည့်သွင်းစဉ်းစားစရာမဟုတ်ဟု သူက ထပ်လောင်းပြောကြားခဲ့ပြီး ပိုလန်၏ နေတိုးအဖွဲ့ဝင်ဆိုင်ရာ တာဝန်သည် ယင်း၏ အရှေ့ဘက်ခြမ်းကို ကာကွယ်ရန် ဥပမာအားဖြင့် ကိုယ့်ပိုင်နက်ကို ကာကွယ်ရန်သာဖြစ်ကြောင်း သူက ပြောဆိုခဲ့သည်။
Ref: တီဘီအက်စ်နူးစ်
