Friday, August 7, 2026

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင်...

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU...

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု...

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း...
HomeInternationalသစ္စ-ာဖောက်သည်ဆိုသော စွပ်စွဲချက်များကို မဟာသီယာ...

သစ္စ-ာဖောက်သည်ဆိုသော စွပ်စွဲချက်များကို မဟာသီယာ ငြင်း

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က သူသည် တိုင်းပြည်အပေါ် သစ္စာဖောက်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို ငြင်းဆန်သွားခဲ့သည်။ ၂၀၁၈ ခုနှစ်က အငြင်းပွား‌ေန‌ေသာကျွန်းငယ်နှစ်ကျွန်းနှင့်ပတ်သက်၍ ရပ်တည်ချက်ကို စွန့်လွှတ်ရန် အစိုးရက ဆုံးဖြတ်ခဲ့မှုအပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးရန် တော်ဝင်စုံစမ်းရေးကော်မရှင်က တောင်းဆိုခဲ့ပြီးနောက် သူ၏ ငြင်းဆိုချက်ထွက်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ၎င်း ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က မလေးရှားနှင့် စင်ကာပူနိုင်ငံအကြားရှိ Pedra Brabca ကျွန်းငယ်၏ အချုပ်အခြာပိုင်မှုဆိုင်ရာ ကမ္ဘာ့တရားရုံး၏ စီရင်ချက် ပျက်ပြယ်စေရေးတွင် မလေးရှား၏ တရားရေးပြိုင်ဆိုင်မှုကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့သည့်အတွက် အသက် ၉၉ နှစ်အရွယ် မဟာသီယာကို စုံစမ်းစစ်ဆေးရန် စုံစမ်းရေးကော်မရှင်က အကြံပြုထားခဲ့သည်။

ထို့အပြင် အခြား အငြင်းပွားကျွန်းငယ်တစ်ခု၏ ပိုင်ဆိုင်မှုဆိုင်ရာနှင့်ပတ်သက်၍လည်း မလေးရှားနိုင်ငံက တရားရုံးထံမှ ရှင်းလင်းချက် တောင်းခံခဲ့သည်ဟု စုံစမ်းရေးအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

နောက်တစ်နှစ်တွင် မဟာသီယာဦးဆောင်သော ညွှန့်ပေါင်းအဖွဲ့ ရွေးကောက်ပွဲအောင်နိုင်ခဲ့အပြီး ၂၀၁၇ ခုနှစ်၌ တရားရေးဆိုင်ရာ လျှောက်ထားချက်နှစ်ခုစလုံးကို ရုပ်သိမ်းခဲ့သည်။

ယခုနှစ်ဇွန်လအတွင်း မဟာသီယာက ပြောဆိုခဲ့ရာ၌ သူသည် အမှုလျှောက်ထားချက်များနှင့် ပတ်သက်၍ ဂရုတစိုက် ပြန်သုံးသပ်သကဲ့သို့ နိုင်ငံတကာဥပေဒကျွမ်းကျင်သူများထံမှ အကြံညဏ်လည်း ရယူခဲ့ကြောင်း ပြောကြားခဲ့သည်။ သူတို့က အမှုသည် အားနည်းချက်ရှိသည်ဟု ထင်မြင်ချက်ပေးခဲ့သောကြောင့် အယူခံကို ရုပ်သိမ်းရန် အစိုးရအဖွဲ့ကို သူ အကြံပြုခဲ့ကြောင်းနှင့် အစိုးရအဖွဲ့ကလည်း သဘောတူခဲ့ကြောင်း မဟာသီယာက ပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်က သတင်းစာရှင်းလင်းပွဲတွင်မူ စုံစမ်းရေးလုပ်ငန်းစဉ်တွင် ထိုအစိုးရအဖွဲ့ဝန်ကြီးများကို သက်သေအဖြစ် မဆင့်ခေါ်ခြင်းနှင့် အလားတူ စုံစမ်းစစ်ဆေးမှုမခံရခြင်းနှင့် ပတ်သက်၍ မဟာသီယာက မေးခွန်းထုတ်ခဲ့သည်။

“အစိုးရအဖွဲ့အစည်းအဝေးမှာ ဒီလူတွေအားလုံး ရှိနေကြတာပါ၊ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကန့်ကွက်စရာဖြစ်ဖြစ် စောဒကတက်စရာဖြစ်ဖြစ်ရှိခဲ့ရင် သူတို့ ကန့်ကွက်ပြောဆိုနိုင်တာပဲ။ ဒါပေမဲ့ ဘယ်သူမှ ဘာမှ မပြောခဲ့ကြဘူး” ဟု သူက ပြောကြားခဲ့သည်။

အယူခံလျှောက်ထားချက်များ ရုပ်သိမ်းခဲ့မှုနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ရန် လက်ရှိဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က တောင်းဆိုခဲ့ပြီးနောက် ယင်းအငြင်းပွား ကျွန်းငယ်များကိစ္စကို စုံစမ်းရေးလုပ်ခဲ့ခြင်းဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU မကြာမီ လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေး

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လျှပ်စစ်ဓာတ်အားကွန်ရက်စနစ် တိုးချဲ့ခိုင်မာရေးတို့ကို နှစ်နိုင်ငံ စွမ်းအင်ဝန်ကြီးများ ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံ တရားဝင်ခရီးစဉ်တွင် လိုက်ပါလာသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Akanat Promphan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ခေတ္တတည်းခိုရာဟိုတယ်၌...

အများပြည်သူတောင်းဆိုမှုကြောင့် မန္တလေးအိုးပုတ်ပွဲတော်ကို နှစ်ရက်ကျင်းပမည်

မန္တလေးမြို့၏ အထင်ကရဒေသဓလေ့ရိုးရာပွဲတော်တစ်ခုဖြစ်သည့် အိုးပုတ်ပွဲတော်ကို အများပြည်သူ၏ တောင်းဆိုမှုများကြောင့် ယခုနှစ်မှစတင်ကာ နှစ်ရက်ကြာ တရားဝင်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။ ယခင်နှစ်များက အိုးပုတ်ပွဲတော်ကို ဝါခေါင်လဆန်း (၈) ရက်နေ့ တစ်ရက်တည်းသာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ဝါခေါင်လဆန်း (၇) ရက်နှင့် (၈) ရက်တို့၌ နှစ်ရက်ဆက်တိုက် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ အိုးပုတ်ပွဲတော်သည် မန္တလေးမြို့၏ ထင်ရှားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး တောင်ပြုံးပွဲတော်အကြို ထောက်သည့်ပွဲဟုလည်း လူသိများသည်။ ပွဲတော်ကို အောင်မြေသာစံမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ အိုးဘိုရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အလာမပျက် ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။ ယခုနောက်ပိုင်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071