Home News Literature News ကလောမြို့နယ်တွင် ကားတစ်စီးတိမ်းမှော-က် တစ်ဦး‌ေ-သဆုံး နှစ်ဦးဒဏ်ရာရ

ကလောမြို့နယ်တွင် ကားတစ်စီးတိမ်းမှော-က် တစ်ဦး‌ေ-သဆုံး နှစ်ဦးဒဏ်ရာရ

0
25556

ရှမ်းပြည်နယ်၊ ကလောမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာ ၆ ရက်ည ၉ နာရီခန့်က ကားတစ်စီးတိမ်းမှော-က်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ ဝက်ဖြူရေကျေးရွာအနီးကားလမ်း၏ မိုင်တိုင်အမှတ် (၆၁/၃)နှင့်(၆၁/၄)ကြားတွင် အမျိုးသား(၃)ဦးလိုက်ပါလာသည့် ကားတိမ်းမှော-က်နေသဖြင့် ကလောမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့သဖြင့် က လောမြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ က လောမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာ ၆ ရက်ညနေပိုင်းကလည်း ကွန်ဟိန်းမြို့၊ ကာလိနယ်မြေရပ်ကွက်(၁)တွင် ကားတစ်စီးမီးလောင်မှုဖြစ်ပွား၍ ကွန်ဟိန်းမြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ပေးခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here