ရှောင်းမီ၏ SU7Ultra လျှပ်စစ်ကား အမြန်ဆုံးတံခါးလေးပေါက်ကားဖြစ်လာ

0
73
Lei Jun, founder and CEO of Xiaomi Group, speaks on stage during the launch of his company’s latest EV model, the SU7 Ultra, in Beijing on October 29, 2024. - The Chinese tech company made a foray into the EV industry earlier this year. (Photo by LUNA LIN / AFP)

ပေကျင်း၊အောက်တိုဘာ ၃၀

တရုတ်အီလက်ထရွန်နစ်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ရှောင်းမီ၏ အသစ်ထွက်ရှိလာမည့် SU7 Ultra လျှပ်စစ်ကား၏ နမူနာပုံစံကားသည် ဂျာမနီနိုင်ငံ Nürburgring ပြိုင်ပွဲကွင်း၏ ၁၂ ဒသမ ၉ မိုင်အကွာအဝေးကို အချိန် ၆ မိနစ်ကျော် ၇ မိနစ်အတွင်းကွင်းပြည့်ပြေးနိုင်ခဲ့ပြီး တံခါးလေးပေါက်ပါ အမြန်ဆုံးကားဖြစ်လာခဲ့သည်ဟုသိရသည်။

ယခင်ကရောင်းချထားသည့် SU7 လျှပ်စစ်ကားသည်ရောင်းအားကောင်းကာလူကြိုက်များခဲ့သဖြင့် ယခုအခါ ပိုမိုစွမ်းရည်မြင့်မားသည့် SU7 Ultra ကို မိတ်ဆက်လာခြင်းဖြစ်သည်။

လာမည့် ၂၀၂၅ တွင် SU7 Ultra ကို ရောင်းချမည်ဖြစ်ပြီး ယခုသတင်းကိုရှောင်းမီစီအီးအိုကိုယ်တိုင်အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။ဈေးကွက်ထဲ‌ရောင်းချသည့်အခါ၌လည်း နမူနာပုံစံအတိုင်း တူညီသည့် ကိုယ်ထည်၊မော်တာနှင့်ဘက္ထရီများကိုအသုံးပြုမည်ဟုသိရသည်။

ယခုကားသည် ၁ ဒသမ ၇ စက္ကန့်အတွင်း တစ်နာရီလျှင် ၀ မှ ၆၂ မိုင်နှုန်းအထိ အရှိန်မြှင့်တင်နိုင်ကာ မြင်းကောင်ရေ ၁,၅၄၈ အား ကို တပ်ဆင်ထားမည်ဟုလည်းသိရသည်။အမြန်ဆုံးအနေဖြင့် တစ်နာရီလျှင် ၂၁၇ မိုင်နှုန်းအထိ မောင်းနိုင်မည်ဟုသိရသည်။

ယခင်ကထွက်ရှိထားသည့် SU7 လျှပ်စစ်ကားသည် ဒေါ်လာ ၃၀,၀၀၀ တန်ကာ ယခုထပ်မံစမ်းသပ်ထုတ်လုပ်သည့် SU7 Ultra သည် ဒေါ်လာ ၁၁၄,၀၀၀ တန်ဖိုးရှိသည်။ ယခုအခါ ကြိုတင်စာရင်းပေးဝယ်နိုင်ပြီဖြစ်သည်။

အော်ဒါတင်ထားသည့် SU7 Ultra လျှပ်စစ်ကားများကို လာမည့် ၂၀၂၅ ခုနှစ် မတ်လမှစ၍ ပေးပို့ရောင်းချသွားနိုင်ရန်စီစဉ်ထားကြောင်းလည်းသိရသည်။

Source : မိုတာအသော်ရတီ

The Xiaomi SU7 Ultra is seen on stage during its launch in Beijing on October 29, 2024. – The Chinese tech company made a foray into the EV industry earlier this year. (Photo by LUNA LIN / AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here