Sunday, July 20, 2025

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင်...

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း...

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို...

ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးအနေဖြင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ၎င်းမှ ဇူလိုင် ၁၉...
HomeNewsLocal Newsရှမ်း/အရှေ့ တာချီလိတ်တွင် ယာဂီမုန်တိုင်းကာလအတွင်း...

ရှမ်း/အရှေ့ တာချီလိတ်တွင် ယာဂီမုန်တိုင်းကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့သည့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်တွင် ယာဂီမုန်တိုင်းကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းစွမ်းတမံ လုပ်ဆောင်ပေးခဲ့သည့် ဌာနနှင့် အဖွဲ့အစည်းများအား ယနေ့ အောက်တိုဘာ (၃၀) ရက်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့ ၌ ဖြစ်ပွားခဲ့သော သဘာဝဘေးဖြစ်စဉ်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာများ၊ ပရဟိတအသင်းနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ယာဂီနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်း ရပ်ဝန်း အရှိန်နှစ်ခုပေါင်းဆုံခဲ့မှုကြောင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခု၌ စံချိန်တင် မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုများပြားသည့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရသည်။

ရှမ်းပြည်နယ်အတွင်းရေကြီးရေလျှံသည့် မြို့ပေါင်း (၂၂) မြို့၊ ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်ခဲ့သည့် မြို့ (၁၁)မြို့၊ စခန်းပေါင်း (၉၄) ဖွင့်လှစ်ပေးခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်မြို့ (၂၈) မြို့နယ်ရှိကြောင်း သိရသည်။

အဆိုပါ မြို့ပေါင်း (၂၈) မြို့နယ်တွင် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ လမ်းပန်းဆက်သွယ် ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး စသည့် ကဏ္ဍပေါင်းစုံ ပျက်စီးခဲ့ရာ ပျက်စီးမှု တန်ဖိုး (၁၃၉.၈၂၆) ဘီလီယံ ရှိကြောင်း သိရသည်။

ရေကြီးရေလျှံခဲ့သည့်မြို့နယ်(၂၂)ခုမှ ဘေးသင့်လူဦး ရေပေါင်း (၁၉၄၁၉၆)ဦးဖြစ်ပြီး ကယ်ဆယ်ရေးစခန်းသို့ လူဦးရေ ပေါင်း (၃၀၈၆၁) ကျော် ခိုလုံခဲ့ရပြီး၊ ပြည်နယ်အတွင်း လူ(၉၂)ဦးေ-သဆုံးခြင်း၊ (၄၇)ဦးဒဏ်ရာရ ထိခိုက်ခြင်း၊ နေအိမ်ပေါင်း(၄၃၃၆၆)လုံး ရေဝင်/နစ်မြုပ်သည့် အနက် နေအိမ်ပေါင်း(၈၁၂)လုံး လုံးဝပျက်စီးခဲ့ခြင်း၊ နေအိမ်ပေါင်း (၁၄၆၁၈)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခြင်း၊ စာသင်ကျောင်း ပေါင်း (၂၃၆)ကျောင်း၊ ဆေးရုံ/ဆေးပေးခန်း (၆၉၂)ခု ရေနစ်မြုပ်ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီး ဖြစ်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများဖြစ်သည့် Abate (ပိုးလောက်လမ်းသေဆေး)၊ Fogging Machine (ခြင်ဆေးမှုတ်စက်)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ကလေး သွေးပေါင်ချိန်တိုင်းကိရိယာ (Pediatric BP Cuff) တို့ကို ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန် ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ် ပြင်၌ မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ နစ်မြုပ်မှုကြောင့် တင်ဆောင်လာသည့် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး တပ်မတော် (ရေ) နှင့် ကုန်တင် သင်္ဘောတစ်စင်းတို့က အချိန်မီ လာရောက်ကူညီခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ဘောသားများကိုမူ ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း တချို့ ပြန်ရောက်လာ

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို ရှင်းလင်းရေးများလုပ်ဆောင်နေကြောင်းလည်း မြို့ခံတဦးက ပေါ်ပြူလာနယူးကိုပြောသည်။ ပထမအသုတ်အဖြစ် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လဝက ဝန်ထမ်း တချို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း သူက ဆိုသည်။ “ဇူလိုင်လ ၁၈ ရက် ညနေ ကတည်းကပါ။ အိမ်စီးကားတွေနဲ့ ရောက်လာတာ ကားအစီးရေရာနဲ့ချီရှိတယ်၊ စားနပ်ရိက္ခာကားတွေလည်းပါတယ်” ဟု သူက ပြောပြသည်။ ထို့အပြင် စုံစမ်းမှုအရ နောင်ချိုမြို့အတွင်း စစ်ရှောင်သူတချို့လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071