ကင်န်ရှာဆာ၊စက်တင်ဘာ ၅
ပထမအကြိမ်အဖြစ် မျောက်ကျောက် (mpox) ကာကွယ်ဆေးအလုံးရေ ၁၀၀,၀၀၀ နီးပါးသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ယနေ့ စက်တင်ဘာ ၅ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း အာဖရိကသမဂ္ဂ၏ ကျန်းမာရေးစောင့်ကြည့်မှုအဖွဲ့ကပြောကြားခဲ့ပြီး ယခုသီတင်းပတ်အတွင်း စုစုပေါင်း အလုံးရေ ၂၀၀,၀၀၀ အထိရရှိနိုင်မည်ဟုလည်း မျှော်လင့်ထားကြောင်းသိရသည်။
လူဦးရေ သန်း ၁၀၀ ခန့်ရှိသော အပြောကျယ်လှသည့် ဗဟိုအာဖရိကနိုင်ငံသည် mpox ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်တွင်ရှိနေပြီး ရောဂါဖြစ်ပွားမှုနှင့် ေ-သဆုံးမှုများလည်းတက်နေသည်။
ကွန်ဂိုနိုင်ငံ၌ ယခုနှစ်အစပိုင်းမှစပြီး နိုင်ငံအတွင်း ကူးစက်ခံရသူ ၁၇,၅၀၀ ကျော်နှင့် ေ-သဆုံးသူ ၆၂၉ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။
ကာကွယ်ဆေးထိုးများပါဝင်သည့် ပထမဆုံးလေယာဉ်သည် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်မှထွက်ခွာလာမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် ကင်န်ရှာဆာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။
ကျန်ကာကွယ်ဆေး အလုံး ၂၀၀,၀၀၀ကို တင်ဆောင်လာသော နောက်ထပ်လေယာဉ်သည် သီတင်းပတ်မကုန်မီရောက်ရှိလာရန် စီစဉ်ထားကြောင်းလည်း အာဖရိကရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာကအတည်ပြုခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရ ကွန်ဂိုအစိုးရသည် ယခုရက်သတ္တပတ်နှောင်းပိုင်းတွင် ကာကွယ်ဆေးများစတင်ထိုးနှံရန်စီစဉ်ထားသည်ဟုလည်းသိရသည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်