ပြည်တွင်းပဲဆီဈေးနှုန်းကျဆင်းလာ

0
141

သမဝါယမဆီစာအုပ်ဖြင့် စားအုန်းဆီများထုတ်ပေးပြီးနောက်ပိုင်း ပဲဆီဈေးနှုန်းသည် ကျဆင်းလာကြောင်း ဝယ်ယူသုံးစွဲသူများထံမှ စုံစမ်းသိရှိရသည်။

ယခင်က စားအုန်းဆီဝယ်ယူရခက်ခဲနေချိန်တွင် ပြည်တွင်းပဲဆီဈေးနှုန်းသည် ပုံမှန်ထက် နှစ်ဆနီးပါးမြင့်တက်နေခြင်းဖြစ်သည်။

” အခုစားအုန်းဆီကလည်း စာအုပ်နဲ့ဆိုတော့ အဆင်ပြေတယ်။ ဝယ်လို့ရနေပြီ။ စားအုန်းဆီမရခင်တုန်းကတော့ ပဲဆီဝယ်သုံးရတယ်။ ပဲဆီမှာမှ ပဲရောရှိမယ်။ ဆုံဆီရှိမယ်။ ပဲရောကိုပဲအသုံးများကြတယ်။ အရင်ကပဲဆီတစ်ပိဿာကို ၂၃၀၀၀ ရှိတယ်။ အခု ၂၀၀၀၀ လောက်ပဲရှိတော့တယ်။ ဈေးကျလာတယ်” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ယခုစက်တင်ဘာလမှစတင်ကာ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့တွင် ဆီစာအုပ်ဖြင့် တစ်အိမ်ထောင်လျှင် ၃ ပိဿာနှုန်းဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေခြင်းဖြစ်သည်။

ထို့ပြင် ပြည်ပမှစားသုံးဆီတင်သွင်းမှု လျှော့ချနိုင်‌ရေးအတွက် ပြည်တွင်း၌ ပဲဆီ၊ နှမ်းဆီတို့အပြင် အခြားဆီထွက်သီးနှံများကိုပါ စားသုံးဆီဈေးကွက်ဝင် အဆင့်အတန်းရောက်ရှိအောင် ဆီသန့်စင်စက်များ ထူထောင်ပြီး စားအုန်းဆီနေရာတွင် အစားထိုးဝင်ရောက်နိုင်‌ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

photo credit – MOI


LEAVE A REPLY

Please enter your comment!
Please enter your name here