စက်မှုလုပ်ငန်းသုံး ရေဆိုးစွန့်ပစ်မှုတွေကြောင့် ဘရာဇီးမှာ ငါးတန်ချီ ‌ေ-သဆုံးမှုဖြစ်ပွား

0
350

သကြားနဲ့ အီသနောစက်ရုံတစ်ခုက စက်မှုလုပ်ငန်းသုံး ရေဆိုးများ တရားမဝင် စွန့်ပစ်တာတွေလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်ထွက်လာပြီးနောက် ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်မှ အဓိကမြစ်တစ်စင်းတလျှောက် ငါးတွေ တန်ပေါင်းများစွာ ‌ေ-သဆုံးခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

ပဏာမ ဆန်းစစ်မှုတွေအရ Piracicaba မြစ်ရေပြင်မှာ ငါး‌ေ-သ ၁၀ တန်ကနေ တန် ၂၀ အကြားရှိတယ်လို့ ခန့်မှန်းကြောင်း ဆော်ပေါ်လိုပြည်နယ် ရှေ့နေတွေက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ Riodas Pedras ရပ်ကွက်ရှိ Estiva ကုမ္ပဏီပိုင် Sao Jose စက်ရုံမှ ပုံမှန်မဟုတ်တဲ့ ရေဆိုးထုတ်လွှတ်မှုကြောင့်လို့ ညွှန်ပြကြောင်းနဲ့ ယင်းရေဆိုးတွေဟာ ချောင်းတစ်ခုမှတဆင့် Piracicaba မြစ်ထဲကို စီးဝင်ခဲ့ကြောင်း ရှေ့နေတွေက ပြောဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စက်ရုံကို စီမံလည်ပတ်တဲ့ Estiva ကုမ္ပဏီကို မှတ်ချက်ပေးဖို့ အကြိမ်ကြိမ်တောင်းဆိုပေမယ့် တုန့်ပြန်ဖြေကြားခြင်း မရှိကြောင်း သိရပါတယ်။

သဘာဝပတ်ဝန်းကျင် ပြန်ကောင်းမွန်ဖို့ရာ နှစ်အတော်ကြာ အချိန်ယူရလိမ့်မယ်လို့ ဆော်ပေါ်လို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီမှ ညွှန်ကြားရေးမှူး အက်ဒရီယာနို ကွေယာရော့ဇ်က ပြောဆိုပါတယ်။ ငါးအမြောက်အများ ‌ေ-သဆုံးမှုနဲ့ မျိုးစိတ်များစွာ ထိခိုက်ခဲ့တာကြောင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် သက်ရောက်မှုဟာ သိသာထင်ရှားတယ်လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က မြစ်ကြောင်းတလျှောက် ငါးအ‌ေ-သကောင် ပြင်လိုက်ကြီး မျောပါနေခဲ့တာ တွေ့ရပါတယ်။ ဒီဝမ်းနည်ဖွယ်ရာ သဘာဝပတ်ဝန်းကျင် ဘေးဆိုးဟာ သက်ရောက်ပြင်းထန်မှု အတိုင်းအတာကြီးတာကြောင့် လူတိုင်းအပေါ် ရိုက်ခတ်ကြောင်းနဲ့ ဒီဖြစ်စဉ်ဟာ တံငါသည်တွေနဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းတွေအတွက် အလွန်စိုးရိမ်ဖွယ်ဖြစ်ကြောင်း ရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။

Ref: WJHL.Com


LEAVE A REPLY

Please enter your comment!
Please enter your name here