ဇာတ်အဖွဲ့တို့ရဲ့ လုံခြုံရေး စိုးရိမ်စရာ ကောင်းနေဆဲ

0
353
ဇာတ်ရုံထရံ အဖျက်ခံလိုက်ရပုံ
ဇာတ်ရုံထရံ အဖျက်ခံလိုက်ရပုံ
ဇာတ်ရုံထရံ အဖျက်ခံလိုက်ရပုံ

ဇာတ်အဖွဲ့များဟာ မြန်မာပြည် အနှံ့ လှည့်လည်ကပြဖျော်ဖြေရင်း အခက်အခဲပြဿနာတွေကို ရင်ဆိုင်ကြုံ တွေ့ရတာတွေလည်း ရှိပါတယ်။ ကိုယ့် နေရာ၊ ကိုယ့်ဒေသမဟုတ်ပေမယ့်လည်း ကြည့်ရှုလိုကြတဲ့ ပရိသတ်တွေအတွက် ခရီးဝေးဝေး၊ နီးနီးသွားရောက်ဖျော်ဖြေ တင်ဆက် ကပြ ကြရလေ့ရှိပါတယ်။ ဒီအခါမှာ လမ်းပန်းဆက်သွယ်ရေး ကြမ်း တမ်းမှုတွေနဲ့ နေရာစိမ်း၊ ဒေသစိမ်းမှာ အခက်အခဲတွေများစွာ ကြုံတွေ့ရလေ့ရှိ ပါတယ်။ ဒါကြောင့်လည်း ဇာတ်အဖွဲ့တွေ အနေနဲ့ ကပြရာနေရာဒေသမှာ လုံခြုံ စိတ်ချစွာကပြနိုင်ဖို့အတွက် သူတို့အဓိက အားကိုး အားထား ပြုကြတာကတော့ လုံခြုံရေးပိုင်းပဲ ဖြစ်ပါတယ်။ သူတို့ ကပြရာ နေရာဒေသရဲ့ နယ်မြေခံ လုံခြုံ ရေးကိုပဲ အဓိက အားထားကြရလေ့ရှိ တဲ့အတွက်ကြောင့်လည်း လုံခြုံရေး အား နည်းတဲ့အခါတွေမှာတော့ ဇာတ်အဖွဲ့ တွေအတွက် ပြဿနာတွေ ဖြစ်ပေါ် လာလေ့ရှိပါတယ်။ သဘင်မင်းသား ဝင်းနောင်ဆိုရင်လည်း နိုဝင် ဘာလ ၂ဝ ရက်နေ့က ဇာတ်ကပြရင်း သူ့ရဲ့ ကား မှန်ခွဲခံရမှုဖြစ်ပေါ် ခဲ့ရပါတယ်။ ဒီဖြစ်ရပ် အပေါ်မှာတော့ သူက လုံခြုံရေးပိုင်းဆိုင် ရာကို မေးခွန်းထုတ်ထားတာကို တွေ့ရ ပါတယ်။

သဘင်မင်းသားဝင်းနောင်ရဲ့ ကား  မှန်ခွဲခံရပုံ
သဘင်မင်းသားဝင်းနောင်ရဲ့ ကား မှန်ခွဲခံရပုံ

“ပွဲငှားလူကြီးမင်းများ လုံခြုံရေးကို ပွဲအစ၊ ပွဲအဆုံးထားပေးသင့်ပါတယ်။ လုံခြုံရေးတွေကလည်း ပွဲပြီးဆုံးသည် အထိ နေပေးသင့်ပါ တယ်။ ပွဲပြီးတဲ့အထိ နေသင့်ပါပြီဗျာ။ ကျွန်တော်တို့ အနုပညာ သမားတွေ တအားဒုက္ခရောက်ပါတယ်။ အခုလည်း ကျွန်တော့်ကားကို ခဲနဲ့ထုပြီး ခြစ်သွားကြတယ်။ ကျွန်တော်တို့ အနု ပညာသမားတွေက ပရိသတ်ကို ဖျော် ဖြေရုံပါ။ ကျွန်တော်တို့က ဘာများ လုပ်နေလို့လဲ။ ကျွန်တော်တို့ကို စော်ကား ရုံတင်မက ပစ္စည်းကိုပါ ဖျက်ဆီးကြတယ်။ ဖျော်ဖြေတင်ဆက်မှုအပိုင်းမှာ ဝင်းနောင်ဘက်က ဘာလိုအပ်လဲ   ဆွေးနွေးနိုင် တယ်။ညှိနှိုင်းနိုင်ပါတယ်” လို့ ဝင်းနောင် ကသူ့ရဲ့ခံစားချက်ကို ပြော ပြပါတယ်။ ဇာတ်အဖွဲ့တွေ အနေနဲ့ သဘင်ရာသီ စတာနဲ့ မြို့ကြီးပြကြီးတွေမှာလည်း ကပြဖျော်ဖြေရသလို ဝေးလံ တဲ့နေရာတွေ အထိလည်း သွားရောက်ကပြဖျော်ဖြေ ကြရလေ့ရှိပါတယ်။ ဒီအခါမှာ အဆင်မပြေမှု တစ်ခုခု ဖြစ်ပေါ်လာခဲ့ပြီ ဆိုရင် သူများရပ်ရွာမှာ ကပြဖျော်ဖြေ နေရတာဖြစ်တဲ့အတွက် အန္တရာယ်များတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒါကြောင့် လည်း ဇာတ်သဘင်မှာ  အဓိက လိုအပ် ချက်ရှိနေတာကတော့ လုံခြုံရေးပိုင်းပဲဖြစ် ကြောင်း စိန်မဟာ ဇာတ်သဘင်ကို အသွင်သစ် ပုံစံနဲ့ ကပြတင်ဆက်လျက်ရှိတဲ့ ဂရိတ် ဦးဘိုးစိန်ရဲ့ မျိုးဆက် မင်းသား ဇံဟိန်းက ပြောပါတယ်။

 “ဇာတ်သဘင်မှာ လုံခြုံရေး စနစ်က အခုထက်ထိမကောင်းသေးပါဘူး။ ကျွန်တော်တို့ ဇာတ်သူ၊ ဇာတ်သားတွေ အတွက် လုံခြုံမှုဆိုတာက အခုထက်ထိကို ဘယ်နေရာရောက်ရောက် မရှိသေးပါ ဘူး။ အဓိက ပွဲတစ်ခုစီစဉ်ပြီဆိုရင် ကျွန်တော်တို့ကို ငှားရမ်းတဲ့ ဂေါပက အဖွဲ့က ကျွန်တော်တို့ကို လုံခြုံရေး အတိ အကျ တာဝန်ယူပေးရပါမယ်။ နို့မို့ဆိုရင် ကျွန်တော်တို့က သူများမြို့ ကိုရောက်ပြီး ကျွန်တော်တို့က မျက်စိသူငယ်၊ နားသူ ငယ်နဲ့ တစ်ခုခု ဖြစ်လာရင် ကျွန်တော် တို့ဇာတ်က ခံရတာပဲ။ အဲဒီအတွက် ပြည်ထဲရေးအစ နိုင်ငံတော်အဆင့်အထိ ကျွန်တော် ပြောချင်ပါတယ်။ ဇာတ်သဘင် လောကသားတွေအားလုံးအတွက် လုံခြုံ ရေးစီမံမှုလေးကို သေသေချာချာ တင်း တင်းကျပ် ကျပ်လေး လုပ်ပေးပါလို့ ပြော ချင်ပါတယ်” လို့ လုံခြုံရေးလိုအပ်မှုနဲ့ ပတ် သက်ပြီး မင်းသားဇံဟိန်းက ပြောပါတယ်။

ဇာတ်အဖွဲ့တွေအနေနဲ့ သူတို့ ကပြ ရာနေရာဒေသတိုင်းမှာ အခုလို ဖြစ်ရပ် မျိုးတွေက အနည်းနဲ့အများ ကြုံတွေ့ရ လေ့ရှိပါတယ်။ ဒီအခါမှာတော့ ညှိညှိနှိုင်း နှိုင်းနဲ့ပဲ နှစ်ဖက်အဆင်ပြေအောင် ကြိုး စားလုပ်ဆောင်ခဲ့ကြရတာတွေလည်း အများကြီးပါပဲ။ ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ဇာတ်အဖွဲ့တွေအနေနဲ့ အဆင်ပြေမှုရှိအောင် ပြည်ထဲရေး ဝန်ကြီးဌာနကို မေတ္တာရပ်ခံစာ ပေးပို့ ထားပြီး မိတ္တူတွေအကုန် လုံးကိုလည်း သက်ဆိုင် ရာတိုင်းဒေသကြီး၊ ပြည် နယ်အုပ်ချုပ်ရေး အဖွဲ့တွေကို ပို့ထား ပါကြောင်းလည်း မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) မှ ပြန်ကြားရေးမှူး ဒေါ်ပတ္တမြားကေခိုင်က ပြောပါတယ်။

“ဒီပြဿနာက အစ်မတို့ရဲ့ သဘင် အဖွဲ့တွေမှာ အမြဲတမ်း ခံစားရတဲ့အတွက် ကြောင့်မို့ မေတ္တာရပ်ခံစာ ထုတ် ပြီးတော့ လုံခြုံရေးကို   သေချာ ဆောင် ရွက်ပေးဖို့  ပြည်ထဲရေးကို အစ်မတို့ပြောပါတယ်။ ပြီးရင်လည်း သက်ဆိုင်ရာ တိုင်းဒေသ ကြီး၊ ပြည်နယ် အုပ်ချုပ်ရေး မှူး  တွေဆီကို လည်း မိတ္တူတွေဖြန့်ပေး ပါဆိုပြီး အစ်မ တို့စာတွေကို သြဂုတ်လ၊ စက်တင်ဘာလ ကတည်းက ဖြန့်ဝေပါတယ်။ ဒါပေမဲ့ လည်း ဘယ်လိုပဲ ဒီစာတွေထုတ်တယ်၊ ဖြန့်တယ်ပဲပြောပြော ဘယ်သူ့ ဘယ်သူမှ အသေးစိတ်လိုက်မကြည့်နိုင်ဘူး။ အဓိက တော့ သက်ဆိုင်ရာဒေသရဲ့ တာဝန်ယူမှု နဲ့ပဲ သက်ဆိုင်တယ်။  အစ်မမောင် ဇံဟိန်းလည်း အစ်မကို ပြောတယ်။ အစ်မတို့ အဲဒါကို ဘယ်လို လုပ်ပေးမှာလဲ၊ ငါတို့မှာ ကျီးလန့်စာစားနဲ့ သူများရပ် ရွာမှာ သွားကပြဖျော်ဖြေကြရတာပေါ့ လေ။ အဲဒါကို အစ်မတို့လည်း ဘယ်လို ဖြေရှင်း ရမယ်မှန်းတောင် မသိပါဘူး။ တစ်ဇာတ်ချင်းစီကိုလည်း လိုက်မကြည့် နိုင်ဘူးဆိုတော့လေ။ ဒါကြောင့် အစ်မ တို့တွေ မေတ္တာရပ်ခံစာတွေ ပို့ထားပါ တယ်။ ဒါပေမဲ့လည်း ဖြစ်နေတုန်းပဲပေါ့” လို့ သဘင်အစည်းအရုံးအနေနဲ့ ဆောင် ရွက်နေမှုအပိုင်းနဲ့ ပတ်သက်လို့ ဒေါ် ပတ္တမြားေ ကခိုင်က ပြောပါတယ်။ ဖျော် ဖြေမှုစင်မြင့်ထက်မှာ ပရိသတ်တွေ ကြိုက်နှစ်သက်စေမယ့် သဘင်ဖျော်ဖြေမှု တွေကို စိတ်အေးချမ်းသာစွာ ကပြ တင် ဆက်နိုင်ဖို့အတွက် လုံခြုံရေး အပြည့် အဝရရှိစေလိုတဲ့ စိတ်ဆန္ဒတွေလည်း ဇာတ်အဖွဲ့ကိုယ်စီတိုင်းမှာ ရှိလို့နေပါ တယ်။
လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here