Monday, May 4, 2026

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန်...

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင်...

ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော်...

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ...

ရာသီကုန်ဆုံးသွားချိန်အထိ ဖရဲ-သခွား စျေးကောင်းမရခဲ့

၂၀၂၅ -၂၀၂၆ ခုနှစ်၏ ဖရဲ-သခွား ရာသီပြီးဆုံးသွားသော်လည်း စျေးကောင်းမရဘဲအရှုံးများခဲ့ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြည်ပတင်ပို့သည့် ဖရဲသီး-သခွားမွှေး စျေးကွက်သည် ယခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့ပြီး...

မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ မီးပလပ်ခုံအပူလွန်ကဲရာမှမီးလောင်မှုဖြစ် 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နှစ်ထပ်နေအိမ်တစ်အိမ်၌ ယနေ့ မေ ၄ ရက်နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း...
HomeNewsFootballအိမ်ကွင်းတွင် ခြေစွမ်းမပြနိုင်ခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်း...

အိမ်ကွင်းတွင် ခြေစွမ်းမပြနိုင်ခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်း ရတနာပုံအသင်းကို သရေ ရလဒ်သာ ထွက်ပေါ်

ယနေ့ ဇူလိုင်(၇)ရက်တွင် မြန်မာနေရှင်နယ်လိဂ် ၂၀၂၄ – ၂ ၀၂၅ ပြိုင်ပွဲ ဒုတိယနေ့ အုပ်စုပွဲစဉ်တစ်ခုဖြစ်သည့် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းကို ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီယူနိုက်တက်အသင်းက ရတနာပုံအသင်းကို သရေ ရလဒ်သာ ကစားနိုင်ခဲ့သည်။

ယနေ့ ပွဲစဉ်တွင် ဧရာဝတီယူနိုက်တက်အသင်းအတွက် ဂိုးကို ပွဲချိန် (၄၅) မိနစ်တွင် အောင်ပြည့်ဖြိုးမှ သွင်းယူပေးခဲ့ပြီး ရတနာပုံအသင်းအတွက် ဂိုးကို လူစားဝင်ရောက်လာသည့် ပြည်မိုးက ပွဲချိန် (၈၅) မိနစ်တွင် သွင်းယူပေးခဲ့ကြသည်။

ရတနာပုံအသင်းအနေဖြင့် ကစားသမားကောင်းများဖြင့် ဖွဲ့စည်းထားသည့် အသင်းတစ်သင်းဖြစ်သည်နှင့်အညီ မကြာသေးမီက ကျင်းပပြီးစီးခဲ့သော MNL LEAGUE CUP ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်ထားနိုင်ခဲ့သော အသင်းတစ်သင်းလည်းဖြစ်သည်။

အလားတူ ယနေ့တွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့၏ ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက (၁)ဂိုးသွင်းယူကာ အန်ိုင်ရရှိခဲ့သည်။

ထို့အတူ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင်း ဟံသာဝတီယူနိုက်တက် အသင်းနှင့် ဒဂုံပေါ့စ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် ဟံသာဝတီယူနိုက်တက်အသင်းက (၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ပြည်တွင်းကလပ်အသင်းများ ယှဉ်ပြိုင်ကစားသည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို လေးနှစ်အကြာ အိမ်ကွင်းများတွင်ပြန်လည် ကျင်းပပြုလုပ်လာနိုင်ခြင်းလည်း ဖြစ်သည်။

၂၀၂၄ -၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ရာသီအဖွင့် Week (1) ပွဲစဉ်များကို ဇူလိုင် (၆ ) ရက်မှ (၈)ရက်အထိ သုံးရက်ကြာ အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခုနှစ် ကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲသည် (၁၅) ကြိမ်မြောက်ရှိပြီဖြစ်ကာ ၂၀၂၄ ဇူလိုင်လ (၆) ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ (၁၆) ရက်ထိ (၈) လကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ပုံစာ-ယနေ့ ရှမ်းယူနိုက်တက်အသင်းနှင့် မြဝတီအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြသည့် တောင်ကြီးကွင်း အားတွေ့ရစဉ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဇီဝလုံခြုံမှု မြှင့်တင်ရန် အသိပေးနှိုးဆော်

ကြက်ငှက်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ် ပွားသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ရာသီမရွေး ဖြစ် ပွားနိုင်သဖြင့် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးလုပ်ငန်းများတွင် အထူးသတိပြုကာ ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသိပေးကြေညာထားသည်။ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုစနစ်ကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ပြုလုပ်ရန်၊ အခြားခြံများမှ အသုံးအဆောင်ပစ္စည်းများ မငှားရမ်းသုံးစွဲရန်နှင့် လူနှင့် ယာဉ်အဝင်အထွက်ကို ထိန်းချုပ်ကန့်သတ်ရန် လိုအပ်ကြောင်း သိရသည်။ ထို့ပြင် မွေးမြူရေးခြံအတွင်း အပူချိန်၊ စိုထိုင်းဆနှင့် လေဝင်လေထွက် ကောင်းမွန်စေရေး...

ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော် တိုးမြှင့်တင်ပို့မည်

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ ည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် (၃)သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ ရော်ဘာတင်ပို့မှုအရ တရုတ်နိုင်ငံသို့ (၇၅) ရာခိုင်နှုန်းခန့် တင်ပို့လျက်ရှိပြီး...

ရာသီကုန်ဆုံးသွားချိန်အထိ ဖရဲ-သခွား စျေးကောင်းမရခဲ့

၂၀၂၅ -၂၀၂၆ ခုနှစ်၏ ဖရဲ-သခွား ရာသီပြီးဆုံးသွားသော်လည်း စျေးကောင်းမရဘဲအရှုံးများခဲ့ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြည်ပတင်ပို့သည့် ဖရဲသီး-သခွားမွှေး စျေးကွက်သည် ယခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့ပြီး ယခင်နှစ်များထက် ကုန် ကျစရိတ် အဆပေါင်းများစွာပိုလာကြောင်း သိရသည်။ " ဒီနှစ်ကတော့ပြောရရင် စံချိန်တင်ပဲ။ တော်တော်ကိုရှုံးတယ်။ တရုတ်ကို တင်ပို့တဲ့နေရာမှာလည်း လမ်းခရီးကရှည်တော့ ကုန်ကျစရိတ်ကပိုများတယ်။ စိုက်တဲ့တောင်သူတွေဆိုရင်လည်း သွင်းအားစုစရိတ်တွေကမြင့်နေတာ။ စျေးကောင်းကလုံးဝမရဘူး။ အကုန်အထိနာကုန်တာပေါ့" ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။ ဈေးကွက်စဖွင့်ချိန်၂၀၂၅ခုနှစ် နိုဝင်ဘာလအစတွင် အစီးရေအနည်းငယ်သာ ဈေးကောင်းခဲ့ပြီး ရာသီကုန်ချိန်အထိ အကျဘက်ထိုးဆင်းသွားကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးထုတ်လုပ်ရေးအရင်းအနှီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071