အိန္ဒိယနိုင်ငံသြရိသပြည်နယ်၌ အပူလှိုင်းကြောင့် ၇၂ နာရီအတွင်း ၈ ဦး‌ေ-သဟုဆို

0
353
A man carries a sack of fennels at a market on a hot summer day in New Delhi on May 31, 2024. (Photo by Arun SANKAR / AFP)

ဘူဘနက်ရှ်ရှဝါ၊ဇွန် ၁၀

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဩရိသပြည်နယ်တွင် ပြီးခဲ့သည့်သုံးရက်အတွင်း အပူဒဏ်ကြောင့် လူ ၈ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်းသိရပြီး မိုးလေဝသဌာနကမူ ယခုသီတင်းပတ်အတွင်း ပြည်နယ်ရှိအစိတ်အပိုင်းများ၌ အပူချိန်တိုးလာရန်ခန့်မှန်းထားကြောင်း ဇွန် ၁၀ ရက်တွင်ပြောကြားခဲ့သည်။

ယခုနှစ်နွေရာသီ၌ ဩရိသပြည်နယ်တွင် အပူဒဏ်ကြောင့်‌ေ-သဆုံးသည်ဟု သံသယရှိသူစုစုပေါင်း ၁၅၉ ဦး‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်၏အရေးပေါ် ဆောင်ရွက်ရေးဌာနကပြောကြားခဲ့ပြီး အပူဒဏ်ကြောင့် ‌ေ-သဆုံးမှုဟု အတည်ပြုနိုင်သူ ၄၁ ဦးရှိကြောင်းလည်းသိရသည်။

အိန္ဒိယနိုင်ငံနှင့်အာရှတိုက်၏ ဒေသအများအပြားတွင် ပုံမှန်မဟုတ်သည့် ပူပြင်းသောနွေရာသီကို ကြုံတွေ့နေရပြီး မကြာမီရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အပူလှိုင်းအခြေအနေဆက်ရှိနေဦးမည်ဟုလည်း မိုးလေဝသဌာနကခန့်မှန်းထားသည်။

နိုင်ငံအတွင်း၌ မတ်လမှမေလအထိအပူရှိန်ကြောင့်‌ ဆေးရုံရောက်ရသည်ဟုသံသယရှိသူ ၂၅,၀၀၀ နီးပါးနှင့် ‌ေ-သဆုံးသူ ၅၆ ဦးအထိ ရှိခဲ့သည်ဟုပြည်တွင်းမီဒီယာများကပြီးခဲ့သည့် ရက်သတ္တပတ်ကဖော်ပြခဲ့သည်။

မြို့တော်ဒေလီသည်လည်း ယခုလအစောပိုင်းက အချို့နေရာများတွင် အမြင့်ဆုံးအပူချိန်အဖြစ် ၄၉ ဒသမ ၉ ဒီဂရီစင်တီဂရိတ်အထိစံချိန်တင်မြင့်တက်ခဲ့ပြီး နောက်ပိုင်းရက်များတွင် အမြင့်ဆုံးအပူချိန်သည် ၄၄ ဒီဂရီစင်တီဂရိတ်တွင် ဆက်လက်တည်ရှိနေသဖြင့် ရေပြတ်လပ်မှုနှင့်ရင်ဆိုင်နေရသည်ဟုသိရသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here