ကျုံအိတ်တံတားအား ယာယီပြုပြင်၍ ယာဉ်ငယ်အချို့ကို ဖြတ်သန်းခွင့်ပြု

0
140

ရန်ကုန် – မော်လမြိုင် လမ်းမကြီး၊ ဘီလင်းမြို့အထွက်ရှိ မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားအား ယာယီပြင်ဆင်ထားပြီး ယနေ့ မေ(၁၅)ရက် မှစတင်၍ ယာဉ်ငယ်များအား ဖြတ်သန်းခွင့်ပြုနေကြောင်း ဒေသခံသတင်းရင်း မြစ်များထံမှ သိရသည်။

ထိုသို့ဖြတ်သန်းခွင့်ပြုရာတွင် ဝန်ပါသော ကားနှင့် ကားကြီးများဖြတ်သန်း၍ မရသေးဘဲ၊ အိမ်စီးကားငယ်များသာဖြတ်သန်း၍ ရကြောင်း သိရသည်။

“ဟုတ်ပါတယ်  ကားလေးတွေ ဖြည်းဖြည်းချင်းဖြတ်နေကြတယ်။ ဝိတ်ပါတဲ့ကားကြီးတွေ မရနိုင်ဘူး။ ကားသေးတွေတောင် ဖြတ်ရဲတဲ့သူပဲ ဖြတ်နေကြတာ၊ ဖြည်းဖြည်းချင်းမောင်းပြီး ဖြတ်နေရတာ။ ကွင်းလမ်းတွေကလည်း ပိတ်ထားတယ်။ မောင်းလို့ရတဲ့လမ်းအချို့ရှိတယ် ။ တိုက်ပွဲဖြစ်နေတော့ မမောင်းရဲပြန်ဘူး။ အခု ကျုံအိတ်တံတားကပဲ ဖြတ်တာ အ န္တရာယ်ကင်းတယ်။ တစ်စီးချင်းဆိုတော့ကြာရင် ကြာမှာပေါ့” ဟု ဒေသတွင်း ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ရွှေရောင်ပြ၊ ခလောက်အင်းနှင့် မိချောင်းအိုင်ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ ကျေးရွာတလျှောက် ရွာချင်းဆက်ကွင်းလမ်း များမှတဆင့် သွားမည့်သူ နည်းပါးလာကာ ယာယီပြင်ဆင်ထားသော ကျုံအိတ်တံတားမှသာ စောင့်၍ ဖြတ်ရန်အားသန်နေကြကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေ(၁၃)ရက်က ရွားချင်းဆက် ကွင်းလမ်းများအား ဖြတ်သန်းသွားလာရန် ယာယီပြုပြင်ပေးရန်လာရောက်သည့် လမ်းအဖွဲ့အား ဒေသတွင်းလက်နက်ကိုင်အဖွဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းထားရကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

ကျုံအိတ်တံတားအား မေ(၁၁) ရက် နံနက် (၄)နာရီအချိန်ခန့်တွင် ဒေသတွင်း လက်နက်ကိုင်ပူး‌ပေါင်းအဖွဲ့က မိုင်းခွဲဖျက် ဆီးခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here