ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်(၉)ခုနှင့် ရှမ်းပြည်နယ် အ ရှေ့ပိုင်းဒေသတို့ နယ်စပ်ကုန်သွယ်မှုနှင့် ခရီးသွားကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆွေးနွေး 

0
79

ထိုင်းနိုင်ငံမြောက်ပိုင်း ပြည်နယ်(၉) ခုနှင့် မြန်မာနိုင်ငံ ရှမ်း ပြည်နယ် အရှေ့ပိုင်းဒေသ အပါအဝင် နယ်နိမိတ် ထိစပ်လျက်ရှိသော ပြည်နယ်များအကြား နယ်စပ်ကုန်သွယ်မှုနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို မြန်မာကောင်စစ်ဝန်ချုပ်က ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး၊ ချင်းမိုင်မြို့တော်ဝန်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်း သ ည် မေလ (၁၄)ရက်၊ နံနက် (၁၁)နာရီအချိန်က ချင်းမိုင်မြို့၊ မြို့တော်ဝန် Mr. Assanee Buranupakorn အား မြို့တော် ဝန်ရုံး၌ လည်းကောင်း၊ နေ့လယ် (၂)နာရီအချိန်က ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Nirat Pongsitthaworn အား ပြည်နယ်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် ရှေးရာစုနှစ်ပေါင်းများစွာကပင် မြန်မာနိုင် ငံသားများနှင့် ချင်းမိုင်(ဇင်းမယ်)အပါအဝင် ယနေ့ခေတ် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတို့အကြား ကူးလူးဆက်ဆံမှုများ အလွန်များပြားခဲ့ရာ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာ ဓလေ့ထုံးတမ်းတို့တွင် တူညီမှုမှုများစွာရှိပြီး ရှေးယခင်က တည်းကပင် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်စွာ ထူထောင်ထားနိုင်ခဲ့သည့်ကိစ္စရပ်များကို မြန်မာကောင်စစ်ဝန်ချုပ်က ပြောကြားခဲ့သည်။ 

ထို့ပြင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့အနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရန် ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ပြည်သူများအကြား ချစ် ကြည်ရင်းနှီးမှုများ တိုးမြှင့်ရန် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့် အလားအလာများ ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။  

ကောင်စစ်ဝန်ချုပ်ရုံး တာဝန်ယူဆောင်ရွက်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်း (၉)ပြည်နယ်နှင့် မြန်မာနိုင်ငံမှ ရှမ်းပြည်န ယ် အရှေ့ပိုင်းဒေသကြီး အပါအဝင် နယ်နိမိတ်ထိစပ်လျက်ရှိသော မြန်မာနိုင်ငံမှ ပြည်နယ်များအကြား နယ်စပ်ကုန်သွ ယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ အဓိကဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ကောင်စစ်ဝန်ချုပ်က မြန်မာနိုင်ငံရေး ဖြစ်ပေါ်တိုး တ က်ပြောင်းလဲနေမှုများအပေါ် ရှင်းလင်း ဆွေးနွေးခြင်းနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံသားများအတွက် အဓိကတာဝန်ယူဆောင်ရွက် ပေးနေသည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ချင်းမိုင်မြို့တော်ဝန် တို့အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

ချင်းမိုင်တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများနှင့် မြန် မာအလုပ်သမားများအား လိုအပ်သည့် အကူအညီများ၊ စောင့်ရှောက်မှုများ ပေးအပ်ရာတွင် ချင်းမိုင်ပြည်နယ် အုပ် ချုပ်ရေးမှူးရုံးနှင့် ချင်းမိုင် မြို့တော်ဝန်ရုံးတို့နှင့် ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြော င်း နိုင်ငံခြားဝန်ကြီးဌာနမှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here