MNL League Cup 2024 ဒုတိယအကျော့ ပွဲဦးထွက်တွင် YUFC အသင်းက ရွှေပြည်သာယူနိုက်တက် အသင်းကို ဂိုးပြတ်ဖြင့် အနိုင်ရရှိ

0
57

ယနေ့ ဧပြီ(၂၅)ရက် ညနေပိုင်းမှ စတင်ကာ၂၀၂၄ခုနှစ် မြန် မာနေရှင်နယ်လိဂ် ဒုတိယအကျော့ အုပ်စုပွဲစဉ်များ ပြန် လ ည် ယှဉ်ပြိုင်ကစားလျက်ရှိရာ ပွဲဦးထွက်အဖွင့်ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ရွှေပြည်သာယူနိုက်တက်အသ င်းအား သုံးဂိုးသွင်းယူကာ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အလားတူ မဟာယူနိုက်တက်အသင်းနှင့် ယူနီဗာစတီလ် အ သင်းတို့ကလည်း ပွဲဦးထွက် ယှဉ်ပြိုင်ကစားရာ မဟာယူနိုက်တက်အသင်းက (၅)ဂိုး သွင်းယူခဲ့ပြီး ယူနီဗာစတီလ်အသင်းက ချေပဂိုး(၂)ဂိုး ပြန်လည်သွင်းယူခဲ့ကြောင်း သိရသည်။

MNL League Cup 2024 2nd Round အုပ်စုအဖွင့်ပွဲစဉ်များအဖြင့် ရွှေပြည်သာယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တ က်၊ မဟာယူနိုက်တက်နှင့် ယူနီဗာစတီလ်ယူနိုက်တက်၊ရိန်းဘိုး FC နှင့် ရှမ်းယူနိုက်တက်၊ ရခိုင်ယူနိုက်တက်နှင့် Glo ry Goal FC၊ ငွေကြယ်ပွင့်လေးများနှင့် ဟံသာဝတီယူနိုက်တ က်၊ ဒဂုံစတားယူနိုက်တက်နှင့် Dagon Port FC၊ ရက္ခပူရယူနိုက်တက်နှင့် အား/ကာသိပ္ပံ FC၊ မြဝတီယူနိုက်တက်နှင့် သ စ္စာအားမာန် FC တို့ ယှဉ်ပြိုင်ကစားနေကြခြင်းဖြစ်သည်။

ပုံစာ – ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရွှေပြည်သာယူနိုက်တက် ပွဲစဉ်အတွင်း နှစ်ဖက်အသင်းပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here