ထိုင်း တော်ဝင် မင်းသမီး မဟာချက်ကရီသီရိဒုံက သူမ၏ ၆၉ နှစ်မြောက်မွေးနေ့တွင် ဇီဝိတဒါန ငါးလွှတ် ကုသိုလ် ပြုခဲ့သည်။
ငါးလုပ်ငန်းဦးစီးဌာနမှ ထိုင်းငါးမျိုးစိတ် ၁၁ မျိုး စုစုပေါင်းငါး ၅၉၀,၀၀၀ ကို ဇီဝိတဒါနပြုရန်စီစဥ်ပေးခဲ့သည်။
ထိုင်းဘုရင်ဘူမိဘောနှင့် မိဖုရားသီရိခေတ်တို့၏တတိယမြောက် ရင်သွေး သီရိဒုံကို ၁၉၅၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ဒူဆစ်နန်းတော်၌ မွေးဖွားခဲ့သည်။
ဝိဇ္ဇာဘွဲ့ဖြင့်ဘွဲ့ရပြီးနောက် ဘွဲ့လွန်ကိုသက္ကတဘာသာဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သူဖြစ် ရှေးဟောင်း သုတေသနပညာကိုစိတ်ဝင်တစားလေ့လာသူဖြစ်သည်။ပညာရေးဆိုင်ရာ Ph.D. ရရှိထားပြီး တရုတ်နိုင်ငံရှိ ပီကင်းတက္ကသိုလ်တွင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ သင်တန်းကို တစ်လကြာ တက်ရောက်လေ့လာခဲ့သူဖြစ်သည်။
မင်းသမီးသည် ယခင်က ပဲခူးမြို့သို့ လာလေ့ရှိပြီး မဟာစေတီ ကို အရောက်သွားလေ့ရှိသူဖြစ်သည်။
![](https://www.popularmyanmar.com/wp-content/uploads/2024/04/565C7025-2BD6-4B68-A4EE-570EE73BE11B.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2024/04/45AB794F-52E8-4BC3-AC14-6259A437CEE3.jpeg)
![](https://www.popularmyanmar.com/wp-content/uploads/2024/04/A27595E5-331F-475B-BD16-84E54707F46D.jpeg)