ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလေကြောင်းတိုက်ခိုက်ခဲ့ပြီး အကြီးတန်းတပ်မှူး သုံးဦးအပါအဝင် ခုနစ်ဦး သေဆုံး

0
121

ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးအစိတ်အပိုင်းအတွင်း ပါဝင်တဲ့ အဆောက်အအုံတစ်ခုကို တနင်္လာနေ့မှာ အစ္စရေး စစ်လေယာဉ်တွေက တိုက်ခိုက်ခဲ့တာကြောင့် အီရန်ရဲ့ အရှေ့အလယ်ပိုင်း လျှို့ဝှက်စစ်ဆင်ရေးတွေကို ကြီးကြပ်ရတဲ့ အကြီးတန်း တပ်မှူးသုံးဦးအပါအဝင် အရာရှိ လေးဦး သေဆုံးခဲ့တယ်လို့ အီရန်နဲ့ ဆီးရီးယားတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဆီးရီးယားနိုင်ငံ မြို့တော်ဒမတ်စကတ်မှာ ဖြစ်ပွားခဲ့တဲ့ ယခုတိုက်ခိုက်မှုဟာ အီရန်စစ်ခေါင်းဆောင်တွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေ လုပ်ကြံသတ်ဖြတ်ခံရခြင်း အပါအဝင် အစ္စရေးနဲ့ အီရန်ကြား နှစ်ရှည်ရှဲဒိုးစစ်ပွဲအတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုထဲက တစ်ခုဖြစ်ဖွယ်ရှိပါတယ်။

အီရန်ကျောထောက်နောက်ခံပြု ဟားမတ်စ်စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကနေ အစပြုပေါ်ပေါက်လာသော အစ္စရေးရဲ့ ဂါဇာရှိ ဟားမတ်စ်ချေမှုန်းရေးထိုးစစ်ကြောင့် နိုင်ငံများအကြား တင်းမာမှုတွေ တိုးမြင့်လာမှုပြီး သိုသိုသိပ်သိပ်စစ်ပွဲဟာ ပေါ်ပေါ်ထင်ထင်ဖြစ်လာခဲ့ပါတယ်။

အမည်ထုတ်မပြောလိုတဲ့ အစ္စရေးအရာရှိလေးဦးက ဒမတ်စကတ်တိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်ခဲ့တာလို့ အတည်ပြုခဲ့ပေမယ့် တိုက်ခိုက်ခဲ့တဲ့ အဆောက်အအုံဟာ သံတမန်ဆိုင်ရာ အဆောက်အအုံမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ အီရန်နိုင်ငံဆိုင်ရာ ဆီးရီးယားသံအမတ် ရှာဖစ် ဒါယွတ်ကတော့ သံတမန်အဆောက်အအုံတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒါဟာ နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ စံညွှန်းတွေကို လုံးလုံးလျားလျား ချိုးဖောက်ခဲ့တယ်ဆိုတာ ရှင်းလင်းကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေထဲမှာ အီရန်ရဲ့ ဆီးရီးယားနဲ့ လက်ဘနွန်ရှိ လျှို့ဝှက်စစ်ဆင်ရေးတွေကို ကြီးကြပ်ရတဲ့ ဗိုလ်ချုပ် မိုဟာမက် ရီဇာ ဇာဟီဒီ၊ Quds တပ်ဖွဲ့မှ အခြား ဗိုလ်ချုပ်နှစ်ဦးနဲ့ အရာရှိလေးဦး ပါဝင်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး ဟူစိန် အမီယာ အဗ္ဗဒူလာဟင်က ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အစ္စလာမ်မစ် သမ္မတနိုင်ငံသံရုံးရဲ့ ကောင်စစ်ဝန်အဆောက်အအုံကို ဇီယွန်ဝါဒီအစိုးရက တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး ဆီးရီးယားသမ္မတကို သူ ပြောဆိုခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Ref: NY Times


LEAVE A REPLY

Please enter your comment!
Please enter your name here