ယူကရိန်းသို့ နေတိုးတပ်ဖွဲ့ဝင်များ စေလွှတ်ရန် အစီအစဉ်မရှိ

0
149

နေတိုးသည် ယူကရိန်းသို့ ၎င်း၏ တပ်ဖွဲ့ဝင်များစေလွှတ်ရန် အစီအစဉ်မရှိကြောင်း နေတိုးစစ်မဟာမိတ်အဖွဲ့ အထွေထွေအတွင်းရေးမှူး Jens Stoltenberg က အေပီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။

“နေတိုးမဟာမိတ်တွေက ယူကရိန်းကို မကြုံစဖူး ထောက်ပံ့မှုတွေ ပေးနေပါတယ်။ ၂၀၁၄ ခုနှစ်ကတည်းက ကျနော်တို့က ထောက်ပံ့မှုတွေစပြီးပေးခဲ့ရာမှာ ရုရှားနဲ့စစ်ဖြစ်တော့ ထောက်ပံ့မှုတွေ အများကြီးတိုးမြှင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် ယူကရိန်းမြေပေါ်မှာ နေတိုးတပ်တွေကို သွားပြီးတိုက်ခိုက်ပေးမယ့် အစီအစဉ်တွေ မရှိပါဘူး” ဟု သူက ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၆ ရက်က စလိုဗက် ဝန်ကြီးချုပ် ရောဘတ်ဖီကိုက အီးယူနှင့် နေတိုးအဖွဲ့ဝင် အများအပြားသည် ယူကရိန်းနှင့် နှစ်နိုင်ငံ သဘောတူညီချက်များကို အခြေခံ၍ ယူကရိန်းသို့ ၎င်းတို့၏ စစ်တပ်များ စေလွှတ်ရန် စဉ်းစားနေကြောင်း ပြောကြားခဲ့သည်။ ယင်းနောက်တွင် ချက်ဝန်ကြီးချုပ် Petr Fiala နှင့် ပိုလန်သမ္မတ Donald Tusk တို့က ထိုသို့လုပ်ဆောင်ရန် မိမိတို့ မရည်ရွယ်ကြောင်း ထောက်ပြခဲ့သည်။ ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson ကလည်း ထိုသို့သော အစီအစဉ်များ မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here