ရွှေဘိုသနပ်ခါးများ ထိုင်းနိုင်ငံမှ မှာယူမှုများရှိနေ

0
233

မြန်မာပြည်မှ ထွက်ရှိသည့် ရွှေဘိုသနပ်ခါးများကို ပြည်တွင်းဈေးကွက်၌ ရောင်းအားတက်နေသည့်အပြင် ထိုင်းနိုင်ငံမှလည်း မှာယူမှုများရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါ ရွှေဘိုသနပ်ခါးများကို ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝယ်ယူပြီး ဈေးနှုန်းအနေဖြင့် အရွယ်အစားပေါ်မူတည်၍ ကွဲပြားကြောင်း သိရသည်။

သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတို့တွင် တွေ့ရှိရကြောင်း စစ်တမ်းများအရ သိရသည်။

သနပ်ခါးသည် အပူပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်သည့် သီးနှံဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အပူပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးကြရုံတင်မက အိမ်ခြံဝင်းအတွင်းတွင်လည်း စိုက်ပျိုးလေ့ရှိကြကြောင်း သိရသည်။

သနပ်ခါးပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး သက်တမ်းအားဖြင့် (၃၅) နှစ်ဝန်းကျင်ရှိကာ သက်တမ်းရင့်လာသည်နှင့်အမျှ သနပ်ခါးပင်၏ အရည်အသွေးလည်း ပိုမိုကောင်းမွန်လာကြော င်း သိရသည်။

မြန်မာ့ရိုးရာသနပ်ခါးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင်တွေ့ရသော်လည်းပူပြင်းခြောက်သွေ့သည့် မြန်မာပြည်အလယ်ပိုင်း အညာဒေသများတွင် ပို၍ဖြစ်ထွန်းကြောင်း၊ မြန်မာ့သနပ်ခါး အများစုစိုက်ပျိုးသည့်မြို့များမှာ ပခုက္ကူ၊ရေစကြို၊မြိုင်၊ ရှင်မတောင်၊ အရာတော်၊ ရွှေဘို၊ ဘုတလင်၊ယင်းမာပင်၊ မုံရွာ၊မြင်းမူ၊ ပေါက် မြို့တို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here