Looking for something?

Explore the website

Looking for something?

Tuesday, July 15, 2025

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို...

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင်...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏...

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆...

တရုတ်နှင့်အိန္ဒိယပို၍လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်သင့်–ဟန်ကျန်း

            တရုတ်နှင့် အိန္ဒိယနိုင်ငံတို့သည် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တဖြည်းဖြည်းချင်းမြှင့်တင်သင့်သည်ဟု တနင်္လာနေ့တွင် တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာကို ပြောကြားခဲ့သည်ဟု...
HomeNewsLocal News4 men marathon...

4 men marathon ဖလား အဲမွီယှဉ်ပြိုင်ထိုးသတ်မည်

ကမ္ဘောဒီးယားနိုင်ငံ၌ မတ်လ(၂၄)ရက်တွင် ပြုလုပ်မည် 4 men marathon ဖလားပြိုင်ပွဲအတွက် နာမည်ကြီး မြန်မာ့ရိုးရာလက်ဝှေ့ကျော် အဲမွီ သွားရောက်ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်ကြောင်း ANS ၏ မြန်မာပြည်ဌာနေကိုယ်စားလှယ်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

အဆိုပါပွဲ ပြုလုပ်ရာတွင် ကစားသမားလေးဦး မဲနှိုက်စနစ်ဖြင့် တွဲဆိုင်းနှစ်ဆိုင်း ထိုးသတ်သွားမည်ဖြစ်ပြီး၊ ကမ္ဘောဒီး ယားနိုင်ငံသား One Champi -onship သံဇကာကစားသ မား Chan Rotanaနှင့် အဲမွီအပါအဝင် ထိုင်းနိုင်ငံသား က စားသမားနှစ်ဦးတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

“ပြိုင်ပွဲက ကမ္ဘော‌ဒီးယားမှာ လုပ်မယ်။ ကစားသမားလေးဦးယှဥ်ပြိုင်မှာ‌ပေါ့။အဲဒီမှာ အဲမွီ ပါမယ်။ ပြိုင်ပွဲကို လေးဦးမဲနှိုက်မယ်။ ကျတဲ့သူနဲ့ အရင်ထိုးမယ်။ ပြီးတော့မှ ခဏပဲနားပြီး တွဲဆိုင်တစ်ဆိုင်းဆီက နိုင်တဲ့သူနဲ့ ဖလားအတွက် ဖိုင်နယ်ထပ်ထိုးရမယ်။ အဲမွီကတော့ အခု လေ့ကျင်ပြင်ဆင်မှုတွေလုပ်နေပြီ။ သံဇကာထဲမှာ ထိုးတဲ့ကစားသမားပါလာတော့ ပွဲကောင်းတစ်‌ပွဲ ဖြစ်မှာပါ “ဟု ၎င်းက ဆိုသည်။

ယှဉ်ပြိုင်ထိုးသတ်ရာတွင် (၁၂)အောင်စလက်အိတ်ဖြင့် သုံးမိနစ် သုံးချီ ထိုးသတ်ရမည်ဖြစ်သည်။

ထို့အပြင် အဲမွီ ပြန်လည် စိန်ခေါ်ထားသည့် ကမ္ဘောဒီယားဖိုက်တာ Phal Soph -orn အနေဖြင့်လည်း ရိုးရာစည်းမျဉ်းအ တိုင်း ထိုးသတ်ရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြော င်း သိရသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ (၈ )ရက်က ပြုလုပ်ခဲ့သော ပြိုင်ပွဲတွင် အဆိုပါ ကမ္ဘောဒီယားဖိုက်တာ Phal Sophorn အား ရိုးရာလက်ဝှေ့ကျော် အဲမွီက ရှုံးနိမ့်ထားသဖြင့် မကျေပွဲ ပြန် လည်ထိုးသတ်မည့် ပွဲဖြစ်ကြောင်း သိရသည်။

“ဟိုဘက်ကစားသမားက ထိုးဖို့ လက်ခံထားပါပြီ။ ဒါပေမဲ့ညှိနှိုင်းရမှာတွေရှိတာကြောင့် လအနည်းငယ်တော့ကြာပါဦးမယ်”ဟု ANS ၏ မြန်မာပြည်ဌာနေကိုယ်စားလှယ်က ပြောသည်။

Phal Sophorn သည် ကမ္ဘောဒီးယား ပထမတန်း မွေထိုင်း နာမည်ကျော် ဆန်ချိုင်းကို ယှဉ်ပြိုင်ထိုးသတ်ထားဖူးသူလ ည်းဖြစ်သည်။

မြန်မာ့ရိုးရာ လက်ဝှေ့ကျော် အဲမွီသည်လည်း ရွှေခါးပတ်ချ န်ပီယံတစ်ဦးဖြစ်ကာ One Championship တွင် ထိုးသ-တ်ခွင့်ရရန် ပြင်ဆင်နေသူတစ်ဦးလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးမည်

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တလေး)တို့ကို ဖြတ်သန်းသွားလာမည့် ၁၅ တန်အထက်နှင့် ၁၅ တန်အောက်ကားများကို နေရာခွဲ၍စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေးအတွက် ယနေ့ ဇူလိုင် ၁၄ ရက်နံနက်ပိုင်းကပြုလုပ်သည့် စိစစ်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ မန္တလေးတိုင်းရှိ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် တရားမဝင်စက်သုံးဆီနှင့် ကုန်စည်များဖြတ်သန်းသယ်ဆောင်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေးတို့အတွက် အလေးထားဆောင်ရွက်လျက်ရှိ၍ လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ဧရာဝတီတံတား(ရတနာပုံ) မြစ်ကူးတံတား(မန္တ လေး)ကိုဖြတ်သန်းသွားလာမည့်ကားများအားစိစစ်ရာတွင် ယာဉ်ကြောကြပ်တည်းခြင်းမဖြစ်ပေါ်စေရန်နှင့် ခရီးသွားပြည်သူများအခက်အခဲမရှိစေရန် ၁၅ တန်နှင့်အထက် ကုန်တင်ယာဉ်များအား အမရပူရမြို့နယ်ရှိ ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်း(စွယ်တော်ကားကွင်း)ရှိစစ်ဆေးရေးစခန်းနှင့် ၁၅...

ယခုတစ်ပတ်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူမရှိခဲ့

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၁၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ ယခုတစ်ပတ်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၆ ရက်ည ၈ နာရီမှ ဇူလိုင် ၁၃ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ(၇၅၃)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်မတွေ့ရှိခဲ့သည်းအပြင် ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်(၁၉)ရောဂါဖြင့် ‌ေ-သဆုံးလူနာမရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရော ဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက်...

ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်အဖြစ်တင်သွင်းသည့် မြန်မာနာနတ်သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ် သွင်းကုန်အဖြစ်အာတင်သွင်းသည့် မြန်မာနာနတ် သီးများအား အနောက်တောင်ပိုင်း၏ အဓိကမြို့ကြီးများသို့တင်ပို့ရောင်းချသွားမည်ဟု ရွှေလီမြို့ရှိ ကုန်သွယ်ရေးကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကအသိပေးခဲ့သည်။ မြန်မာနာနတ်သီးတန်ချိန်(၆ ဒသမ ၄)တန်အား ဝမ်တိန်နယ်စပ်ဂိတ်မှတစ်ဆင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် မြန်မာ့နာနတ်သီးများ တရုတ်နိုင်ငံသို့တင်ပို့ခွင့်ရရှိပြီးနောက် ယူနန်ပြည်နယ်မှ ပထမဆုံးအကြိမ်သွင်းကုန်အဖြစ်တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ " ဒီတစ်ခါတင်သွင်းတဲ့ လတ်ဆတ်တဲ့နာနတ်သီးတွေဟာ မြန်မာနိုင်ငံရဲ့အရည်အသွေးမြင့်စိုက်ခင်းတွေကနေ ရောက်ရှိလာတာပါ။ ချိုမြိန်ပြီးအရည်ရွှမ်းသလို အရသာလည်းအလွန်ကောင်းမွန်ပါတယ်။ ဒီနာနတ်သီးတွေကို ဝမ်တိန်မြို့မှာအမျိုးအစားခွဲပြီး ကူမင်း၊ ချန်တူးစတဲ့ အနောက်တောင်ပိုင်းရဲ့အဓိကမြို့ကြီးတွေမှာ ရောင်းချသွားမှာပါ"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071