မကြာမီကျင်းပမည့် ရုရှားရွေးကောက်ပွဲ၌ သမ္မတပူတင်ပင်ထပ်မံအနိုင်ရရှိနိုင်ဟုဆို

0
115

လန်ဒန်၊ဖေဖော်ဝါရီ ၁၂

ရုရှားနိုင်ငံ၌ လာမည့် မတ်လတွင် သမ္မတရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ သမ္မတပူတင်ပင် ပြန်လည်အနိုင်ရရှိနိုင်ကြောင်း သုံးသပ်ခန့်မှန်းနေကြသည်ဟုသိရသည်။

သမ္မတပူတင်သည် မော်စကို၌ ဝန်ကြီးချုပ်နှင့်သမ္မတရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ်ကတည်းကဖြစ်ပြီး ယခုတစ်ကြိမ်ရွေးကောက်ပွဲ၌ ထပ်မံအနိုင်ရခဲ့ပါက သမ္မတအဖြစ် ခြောက်ကြိမ်တိုင်တိုင်အရွေးခံခဲ့ရခြင်းလည်းဖြစ်ကာ သမ္မတသက်တမ်း နှစ် ၃၀ ရှိလာမည်ဖြစ်သည်။

၎င်းသက်တမ်းသည် ၁၇၂၁ ခုနှစ်‌နောက်ပိုင်း ရုရှားနိုင်ငံနှင့်ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင်များအားလုံးအနက် အရှည်ကြာဆုံးသက်တမ်းလည်းဖြစ်ကြောင်းဖော်ပြထားသည်။

သမ္မတပူတင်သည်လည်း ၎င်းအနေဖြင့် ယခုရွေးကောက်ပွဲတွင် ထပ်မံအရွေးခံရနိုင်သည်ဟုယုံကြည်ထားပြီး ပြီးခဲ့သည့်ရွေးကောက်ပွဲများတွင်လည်း အများအပြားထောက်ခံမှုရရှိခဲ့သည်ချည်းသာဖြစ်သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here