နှင်းဆီကုန်းဘိုးဘွားရိပ်သာ ကုန်းအဆင်းတွင် ယာဉ်တစ်စီး အရှိန်လွန်ကာ ဓာတ်တိုင်နှင့် ရတနာဗိမ္မာန်ကျောင်းတိုက်၏ အုတ်တံတိုင်းကို ဝင်တိုက်မှုဖြစ်ပွား

0
147

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်အတွင်းရှိ နှင်းဆီကုန်းဘိုး ဘွားရိပ်သာကုန်းအဆင်းတွင် ယာဉ်တစ်စီး အရှိန်လွန်ကာ ဓာတ်တိုင်နှင့် ရတနာဗိမ္မာန်ကျောင်းတိုက်၏ အုတ်တံ တိုင်းတို့ကို ဝင်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။ 

ဖေဖော်ဝါရီ (၁၂) ရက် နံနက် (၁)နာရီ (၂၅)မိနစ်အချိန်ခန့်က ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွားရိပ်သာ ကုန်းအဆင်းတွင် Ford ကားတစ်စီးမှ အရှိန်လွန်၍ ဓာတ်တိုင်အား ဝင်တိုက်ပြီးနောက် ရတနာဗိမ္မာန်ကျောင်းတိုက် အုတ်တံတိုင်းအား ထပ်မံကာ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိသော်လည်း ကားနှင့် ဓါတ်တိုင်မှာ ပျက်စီးခဲ့ရကြောင်း အနီးနားဝန်းကျ င်ရှိသူများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here