စစ်ပွဲရပ်ကာ တွေ့ဆုံဆွေးနွေးကြရန် ဦးကိုကိုကြီး ဦးဆောင်သည့်
ပြည်သူ့ပါတီ တိုက်တွန်း/ သာမန်လက် နက်ကိုင်ပဋိပက္ခမှသည် နာကျည်းမုန်းတီးမှု၊ အပြန်အလှန်လက်စားချေမှုတို့မဖြစ်​စေ​ရေးအတွက်ပဋိပက္ခ​လျော့ချဖို့လို

0
157

ပြည်ထောင်စု အဓွန့်ရှည်တည်တံ့ရေးအတွက် လက်ရှိစစ်မက်ဖြစ်ပွားနေမှုများကို ရပ်စဲကာ ဘက်အသီး သီးမှ သက်ဆိုင်သူများ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် ပြည်သူ့ပါတီက တိုက်တွန်းထားသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၂)ရက်နေ့၌ ကျရောက်သည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြည်သူ့ပါတီက ကြေညာချက်တစ်စောင်ထုတ်ပြန်၍ မေတ္တာရပ်ခံခဲ့ခြင်းလည်းဖြစ်သည်။

ပြည်သူ့ပါတီ၏ ကြေညာချက်တွင် အချက်(၈)ချက် ပါဝင်ပြီး ကြေညာချက်၌ ယနေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် (၇၇ )နှစ်မြောက် အခါသမယဖြစ် ကြောင်း ၊ ပင်လုံစာချုပ်၏ အနှစ်သာရသည် တိုင်းရင်းသားတ န်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့်များကို အသိအမှတ်ပြုလျှက် ပြည်ထောင်စုကို အတူတကွတည်ဆောက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ယနေ့အချိန်အထိ ပြည်ထောင်စုစစ်စစ်မူကို မတည်ဆောက်နိုင်ခဲ့ပဲ၊ ပြည်ထောင်စုကြီးဆက်လက်တည်တံ့ရန်ကိုပင် စိန်ခေါ်မှုကြီးမားစွာ ရင်ဆိုင်နေရသည့် အခြေအနေဖြစ်ပေါ်လျက်ရှိကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

ထို့အပြင် လက်နက်ကိုင်ပဋိပက္ခ မြင့်မားလာသည်နှင့်အမျှ ပြည်ထောင်စုအိပ်မက်သည်လည်း  မှေးမှိန်လာကာ လက်နက်မဲ့ပြည်သူများ၏ သေကြေပျက်စီးမှုသည် အတိုင်း အဆမရှိ ဆက်လက်ကြီးထွားလာနေပြီဖြစ်ကြောင်း၊ သာမန်လက် နက်ကိုင်ပဋိပက္ခမှသည် နာကျည်းမုန်း တီးမှု၊ အပြန်အလှန်လက်စားချေမှု၊ လူမျိုးရေးပဋိပက္ခများ အသွင်အထိ ဦးတည် လာနိုင်ပြီး အတောမသတ်နိုင်သည့် အနိဋ္ဌာရုံများကို ဆက်လက်ရင်ဆိုင်လာရနိုင်ကြောင်းနှင့် နိုင်ငံသူ နိုင်ငံသားများအကြားတွင်လည်း ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးဆန္ဒ ပြင်းပြမှုသည်ယခင် ကာလများထက် များစွာအား ကောင်းခိုင်မာလျှက်ရှိရာ၊ နိုင်ငံရေးအရ  ပူးပေါင်းဖြေရှင်းကြခြင်းအားဖြင့် အကောင်အထည် ပေါ်ပေါက်လာမည်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။

ထို့ကြောင့် လက်နက်မဲ့ တိုင်းရင်းသားပြည်သူ အားလုံး၏ အသက်ရှင်ရပ်တည်ရေး၊ အမျိုးသားခေါင်းဆောင်ကြီးများ ကြိုးပမ်းမျှော်မှန်းခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ရေးတို့ကို ခြိမ်းခြောက်နေသော စစ်မက်ဖြစ်ပွားမှုများကို ရပ်စဲ၍၊ ဘက်အသီးသီးမှ ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် မေတ္တာရပ်ခံတိုက်တွန်းကြောင်းလည်း ထည့်သွင်း ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here