Sunday, July 20, 2025

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင်...

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း...

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို...

ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌတိုက်တွန်း

တိုင်းသူပြည်သားအားလုံး၊ တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးအနေဖြင့် ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့်လမ်းကြောင်းအတိုင်း စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်နှင့်လုပ်ကိုင်ကြရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။ ၎င်းမှ ဇူလိုင် ၁၉...
HomeNewsLocal Newsမွန်ပြည်နယ်တွင် ကုမ္ပဏီ(၇)ခုကို စက်သုံးဆီများ...

မွန်ပြည်နယ်တွင် ကုမ္ပဏီ(၇)ခုကို စက်သုံးဆီများ တင်သွင်းသိုလှောင်ဖြန့်ဖြူး ပေးနိုင်ရေး တာဝန်ပေးအပ်သွားမည်

မွန်ပြည်နယ်အတွင်း ကုမ္ပဏီ(၇)ခုကို နိုင်ငံတော်မှ နိုင်ငံခြား ငွေတောင်းခံခြင်း မပြုဘဲ တစ်လ ပျှမ်းမျှစက်သုံးဆီ မက်ထရစ်တန် ၄၀,၀၀၀ ကို တင်သွင်းသိုလှောင်ဖြန့်ဖြူးပေးနိုင်ရေး တာဝန်ပေးအပ်သွားမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုလိုက်သည်။

မွန်ပြည်နယ်အတွင်းသို့ အစိုးရအဖွဲ၏ ကြီးကြပ်မှုဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ (၈)ရက် မွန်းလွဲပိုင်းက  ပြည် နယ်အစိုးရအဖွဲရုံး၌ ကျင်းပစဉ် ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ တာဝန်ပေးအပ်ခြင်းခံရသည့် ကုမ္ပဏီများအနေဖြင့် စက်သုံးဆီများကို ပြည်ပမှ မှာယူနိုင်မည့် အခြေအနေ၊ တင်သွင်းရောက်ရှိလာသည့် စက်သုံးဆီများကို သိုလှောင်ထားရှိနိုင်မည့်အခြေအနေ၊ ပြန်လည် ဖြန့်ဖြူး ရောင်းချ ပေးနိုင်င်မည့် အခြေအနေနှင့် အစီအမံများ၊ Shipment Plan စီစဉ်ရေးဆွဲထားရှိမှုများကို ဆွေးနွေးတင်ပြကြစေလိုကြောင်းလ ည်း ၎င်းက ဆိုသည်။

ကုမ္ပဏီများမှ ဆွေးနွေးတင်ပြသည့် တင်သွင်းသိုလှောင်ဖြန့်ဖြူးမည့် အစီအမံနှင့် Shipment Plan ရေးဆွဲထားရှိမှုများအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေး တင်ပြပေး‌ရန်နှင့် တင်သွင်းလာမည့် စက်သုံးဆီများကိုလည်း ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ပြန်လည်ဖြန့်ဖြူးရော င်းချ ပေးနိုင်ရေး လက်လီ/လက္ကားဈေးနှုန်းတွက်ချက်သ တ်မှတ်မှုပုံစံများကို ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၁၆၄)ဆိုင်မှ ယခင်ဖြန့်ဖြူးရောင်းချခဲ့မှု အခြေအနေများအရ စက်သုံးဆီ (၁)ရက် လိုအပ်ချက်၊ စက်သုံးဆီ မှာယူမှု၊ သိုလှောင်မှု၊ ဖြန့် ဖြူးမှု၊ လက်ကျန်အခြေအနေတို့ကို နေ့စဉ် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။ 

ထိုနောက် ပြည်နယ်ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန အရာရှိ ဦးသန်းထွေးက စက်သုံဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်ကုမ္ပဏီများက လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ 

မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်အစိုးရအဖွဲဝင်ဝန်ကြီးများ၏ အကြုံပြုဆွေးနွေး တင်ပြချက်များ အပေါ် ပြည် နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီး ဖြစ်

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများဖြစ်သည့် Abate (ပိုးလောက်လမ်းသေဆေး)၊ Fogging Machine (ခြင်ဆေးမှုတ်စက်)၊ သွေးလွန်တုပ်ကွေး အမြန်သွေးစစ်ကိရိယာ (RDT)၊ ကလေး သွေးပေါင်ချိန်တိုင်းကိရိယာ (Pediatric BP Cuff) တို့ကို ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊...

ရနောင်း-ရန်ကုန် ပြေးဆွဲသည့် ကုန်သင်္ဘော ရန်ကုန်မြစ်ဝတွင်နစ်မြုပ်

ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွါလာသည့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှကုန်သင်္ဘောတစီး ရန်ကုန်မြစ်ဝတွင် နစ်မြူပ်ခဲ့သည်။ ယမန်နေ့ (ဇူလိုင် ၁၉)ရက် မနက်ပိုင်းက ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။ ထိုကုန်သင်္ဘောသည် ကော့သောင်းမှ ရန်ကုန်မြို့ကိုအဝင် ရန် ကုန်မြစ်ဝ ရေကြောင်းပြစခန်းနှင့် ရေမိုင် ၇ မိုင်အကွာ ပင်လယ် ပြင်၌ မတော်တဆဖြစ်ပြီး နစ်မြုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ နစ်မြုပ်မှုကြောင့် တင်ဆောင်လာသည့် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး တပ်မတော် (ရေ) နှင့် ကုန်တင် သင်္ဘောတစ်စင်းတို့က အချိန်မီ လာရောက်ကူညီခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် သင်္ဘောသားများကိုမူ ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။

နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် ဝန်ထမ်း တချို့ ပြန်ရောက်လာ

တပ်မတော်မှ ပြန်လည်ထိန်းချုပ်ခဲ့ပြီး ဖြစ်သည့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့တွင် အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ရန် အစိုးရဝန်ထမ်း တချို့ ပြန်ရောက်လာကြောင်း သိရသည်။ လက်ရှိတွင် ဝန်ထမ်း အဆောက်အဦးများကို ရှင်းလင်းရေးများလုပ်ဆောင်နေကြောင်းလည်း မြို့ခံတဦးက ပေါ်ပြူလာနယူးကိုပြောသည်။ ပထမအသုတ်အဖြစ် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လဝက ဝန်ထမ်း တချို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်ကြောင်းလည်း သူက ဆိုသည်။ “ဇူလိုင်လ ၁၈ ရက် ညနေ ကတည်းကပါ။ အိမ်စီးကားတွေနဲ့ ရောက်လာတာ ကားအစီးရေရာနဲ့ချီရှိတယ်၊ စားနပ်ရိက္ခာကားတွေလည်းပါတယ်” ဟု သူက ပြောပြသည်။ ထို့အပြင် စုံစမ်းမှုအရ နောင်ချိုမြို့အတွင်း စစ်ရှောင်သူတချို့လည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071