Friday, May 30, 2025

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့်...

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲကို ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းက အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊...

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က...

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့်...

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ...

ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း...

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်ကောင်ရေ သိန်း (၃၈၀)ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ငါးသားပေါက်များကို ဧရာဝတီ၊ သံလွင်၊ ချင်းတွင်းနှင့်...
HomeNewsLocal Newsအွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူများ မှတ်ပုံတင်လျှောက်ထားနိုင်ရေး...

အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူများ မှတ်ပုံတင်လျှောက်ထားနိုင်ရေး eCom -Reg System သင်တန်း အခမဲ့ပို့ချ‌ပေးမည်

အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူများ မှတ်ပုံတင်လျှောက်ထားနိုင်ရေးအတွက် eCom -Reg System သင်တန်းကို အခမဲ့သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း စားသုံး‌သူရေးရာဦးစီးဌာနက အသိပေးကြေညာထားသည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာ(၂၂)ရက်နေ့အထိ အပတ်စဉ် အင်္ဂါနှင့်သောကြာ နေ့များ၌ Virtual online စနစ်ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းရောက်လိုသူများအနေဖြင့် ဒီဇင်ဘာလ (၈)ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်းနှင့် ကန့်သတ်သင်တန်းသားဦးရေကျော်လွန်ပါက ထပ်မံပြုလုပ်မည့် သင်တန်းများတွင် တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာတွင်အချက်အလက်မှန်ကန်အောင် ဖြည့်စွက်ရမည့်အပြင် ပေးပို့လာသော အီးမေးလ်လိပ်စာနှင့် လျှောက်လွှာတွင် ဖြည့်သွင်းထားသည့် အီးမေးလ်လိပ်စာ တူညီရမည်‌ဖြစ်ကြောင်း၊ သင်တန်းတွင် ပါဝင်တက်ရောက်ခွင့်ရပါက ပေးပို့လာသော အီးမေးလ်ဖြင့်ဖြစ်စေ၊ ဖုန်းဆက်အကြောင်းကြား၍ဖြစ်စေ အကြောင်းပြန်ကြားပေးသွားမည်ဖြစ်သည်။

လျှောက်လွှာလက်ခံဆောင်ရွက်သည့်နေ့မှာ နိုဝင်ဘာ (၃၀)ရက်နေ့မှ ဒီဇင်ဘာ (၈)ရက်နေ့အထိ လက်ခံလျှက်ရှိပြီး၊ အသေးစိတ်စုံစမ်းသိရှိလိုပါက ၀၆၇- ၄၀၈၄၁၂၊ ၄၀၈၂၄၁တို့ အားဆက်သွယ်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲပြုလုပ်

ဒုတိယအသုတ် အခမဲ့ နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆ ယ် သင်တန်းဆင်းပွဲကို ယနေ့ မေလ(၃၀)ရက် နံနက်ပိုင်းက အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြက်ခင်းတုကွ င်း၊ MFF Futsal Stadium တို့တွင် ကျင်းပပြုလုပ်ခဲ့ကြော င်း သိရသည်။ ယခုနှစ် နွေရာသီသင်တန်း MFF Summer Football Skills Course 2025 အခမဲ့ သင်တန်းများကို ရန်ကုန်၊ မန္တလေး ၊ တောင်ကြီး၊ ပုသိမ်မြို့များတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၁၄၀၀)...

ငလျင်သင့် ဒေသများအတွက် ဂျာမနီကြက်ခြေနီအသင်းမှယာယီတဲများကို လှူဒါန်း

ငလျင်ဒဏ်သင့်ဒေသများတွင် ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ယာယီတဲများကို ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းခဲ့သည်။ အဆိုပါ ယာယီတဲများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံမှတဆင့် မေလ (၂၈) ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။ လှူဒါန်းသည့် ယာယီတဲအခု (၂၀၀)ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်က ရန်ကုန်လေဆိပ်၌ လွှဲပြောင်းလက်ခံရယူခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့်လည်း လှူဒါန်းသည့်ပစ္စည်းများကို ငလျင်ဘေးသင့် ပြည်သူများဆီ လက်ဝယ်အရောက် ရောက်ရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်သန်းကာ ရေနှင့် မျောပါခဲ့သည့် ခရီးသည်တင်ယာဉ်ကို ပြန်လည်ဆယ်ယူနေ

မန္တလေးတိုင်း၊ တောင်သာမြို့၊ မြင်းခြံ- တောင်သာကားလမ်း၊ နတ်စောင့်ကျေးရွာအနီးရှိ ဆင်တဲဝချောင်း ရေကျော်နေစဉ် ဖြတ်ကူးသည့် ခရီးသည်တင်ယာဉ်တစ်စီးရေနှင့် မျောပါခဲ့ပြီး အဆိုပါယာဉ်အား ယနေ့ မေလ (၃၀)ရက်တွင် ပြန်လည်ဆယ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်သည် ပြီးခဲ့သည့် မေလ (၂၆)ရက်၊ မွန်းလွဲ (၁) နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်ပါ ခရီးသွားများ အားလုံး ထိခို-က်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဆင်တဲဝချောင်းမှာ မိုးရွာသွန်းပါက ရေစီးသန်သဖြင့် ဒေသခံများအနေဖြင့် သတိထားဖြတ်သန်း သွားလာရသည့် ချောင်းတခုဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071