မုန်တိုင်း မြန်မာသို့ဦးတည်နိုင်ခြေမရှိသည့်အတွက် အဝါရောင်အဆင့်သတ်မှတ်

0
183

ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် မြန်မာသို့ဦးတည်နိုင်ခြေမရှိသည့်အတွက် အဝါရောင်အဆင့်သတ်မှတ်ထားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၅၅၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက်-အနောက် တောင်ဘက် ရေမိုင် (၆၅၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၃၀၅)မိုင်ခန့်၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၃၁၀)မိုင်ခန့်၊ နီလိုရီမြို့ (Nellore)၏ အရှေ့ တောင်ဘက် ရေမိုင် (၃၆၅)မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့(Machilipatnam)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေကြောင်း သိရသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here