ရေးမြို့ ဇီးဖြူသောင်စံပြကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်အလုံး (၄၀) ကျော်ဝန်းကျင် မီးလောင်ဆုံးရှုံး

0
190

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဇီးဖြူသောင်စံပြကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ နေအိမ်အလုံး (၄၀) ကျော်ဝန်းကျင် မီးလောင်ဆုံးရှုံးနိုင်ကြောင်း ဒေသတွင်း ပရဟိတလုပ်ကိုင်သည့် လူမှုကူညီရေးအဖွဲ့များထံ ကနဦး သတင်းများအရ သိရသည်။

ဒီဇင်ဘာ (၂) ရက်၊ နံနက် (၁၁) နာရီအချိန်ခန့်က နေအိမ်များ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသတွင်း ပရဟိတ လူမှုကူညီရေးအဖွဲ့များ၊ ဒေသခံများမှ ကူညီငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မီးလောင်မှုကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လည် (၁၂) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှု အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

photo Crd – Taw Taw


LEAVE A REPLY

Please enter your comment!
Please enter your name here