မြန်မာနှင့် ဖိလစ်ပိုင်တို့အကြား လူကုန်ကူးမှု တားဆီးကာကွယ်တိုက်ဖျက်ရေးကိစ္စရပ်များကို မြန်မာသံအမတ်နှင့် ဖိလစ်ပိုင်သံအမတ်တို့ တွေ့ဆုံဆွေးနွေး

0
162

မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်နှင့် ဖိလစ်ပိုင်သံအမတ်တို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

သံအမတ်ကြီး ဦးအောင်စိုးဝင်းအား ကွာလာလမ်ပူမြို့ရှိ မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် မလေးရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသူ H.E. Maria Angela A. Ponce က ဒီဇင်ဘာ (၁) ရက်၊ နံနက် (၁၁) နာရီ အချိန်တွင် လာရောက်တွေ့ဆုံစဉ်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့အကြား လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သည့်ကိစ္စနှင့် အလုပ်သမားရေးရာ ကိစ္စများအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်ရေးကိစ္စ၊ ASEAN Ladies Circles (ALC) အပါအဝင် ကွာလာလမ်ပူမြို့ အခြေစိုက် အာဆီယံသံရုံးများအကြား ဆက်ဆံရေးနှင့် ပုံမှန် ထိတွေ့မှု အစီအစဉ်များကိစ္စ၊ တောင်တရုတ်ပင်လယ်ဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here