Tuesday, May 27, 2025

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက...

မုတ်သုံလေအားအလွန်ကောင်းနေမှုအပါအဝင် ရာသီဥတုအခြေအနေ(၃)ခုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ယနေ့မှ...

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေ(၃)ခုဖြစ်ပေါ်နေသည်ဟု မိုးဇလမှ ယနေ့ မေ ၂၇...

အာဆီယံညွန့်‌‌ပေါင်းအသင်းနှင့်ချစ်ကြည်ရေးကစားရန်မန်ယူမ‌လေးရောက်

အာဆီယံညွန့်‌ေပါင်းအသင်းနှင့် ရာသီကုန်ခြေစမ်းပွဲကစားမည့် အင်္ဂလန် ပရီးမီးယားလိဂ်မှ မန်ချက်စတာယူနိုက်တက်အသင်းသည် တနင်္လာနေ့ မေလ ၂၆ ရက် ညနေပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို ရောက်ရှိလာကြောင်း...
HomeInternationalဂါဇာ၌တိုက်ပွဲများပြန်စပါက ဘေးကင်းဇုန်များ ထားပေးရန်...

ဂါဇာ၌တိုက်ပွဲများပြန်စပါက ဘေးကင်းဇုန်များ ထားပေးရန် အစ္စရေးအားဘလင်ကန်တိုက်တွန်း

တယ်လဗီ၊ဒီဇင်ဘာ ၁

ဂါဇာ၌ အဓိကစစ်ဆင်ရေး ပြန်စပါက ပါလက်စတိုင်းပြည်သူများအတွက် ခိုလှုံစရာအဖြစ် ဘေးကင်းဇုန်နေရာသတ်မှတ်ထားပေးရန် အစ္စရေးရောက်နေသည့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အစ္စရေးအားတိုက်တွန်းခဲ့ကြောင်းသိရသည်။

အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့တို့အကြား နှစ်ဖက်သဘောတူညီချက်ဖြင့် အပစ်အခတ်ရပ်စဲထားသည်မှာ မူလလေးရက်တာကာလမှ နှစ်ရက်ထပ်တိုးပြီး ခြောက်ရက်အထိဖြစ်လာကာ နိုဝင်ဘာ ၃၀ အထိထပ်မံတိုးမြှင့်လိုက်သဖြင့် ခုနစ်ရက်တာကာလသို့ရောက်ရှိခဲ့သည်။

ထိုခုနစ်ရက်တာကာလအတွင်း ဓ-ါးစာခံနှင့်အကျဉ်းသားများလဲလှယ်ခြင်းအပါအဝင် ဂါဇာသို့လူသားချင်းစာနာမှုအကူအညီများပေးပို့ခဲ့ပြီး ဘလင်ကန်က အဆိုပါအပစ်အခတ်ရပ်စဲမှုအား ထပ်မံသက်တမ်းတိုးရန်တောင်းဆိုထားသော်လည်း ယနေ့တွင်နှစ်ဖက်တိုက်ပွဲများပြန်စတင်နေပြီဟုသိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်သည် အစ္စရေး – ဟားမတ်စ်ပဋိပက္ခအတွင်း သုံးကြိမ်မြောက်အဖြစ် အစ္စရေးသို့ရောက်ရှိနေခြင်းဖြစ်ပြီး တိုက်ပွဲဆက်လက်ဖော်ဆောင်မည်ဆိုပါက ဂါဇာအရပ်သားပြည်သုများအတွက် ဘေးကင်းစွာခိုလှုံနိုင်မည့်နေရာစီစဉ်ပေးထားရန်တောင်းဆိုခဲ့ခြင်းလည်းဖြစ်သည်။

Source : AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းရှိ မြို့နယ်(၃)ခုတွင် သစ်ပင်လဲကျမှုများဖြစ် ထိခိုက်ဒဏ်ရာရသူမရှိခဲ့

ရန်ကုန်တိုင်းရှိ သန်လျင်မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် လသာမြို့နယ်တို့တွင် ယနေ့ မေ ၂၇ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သန်လျင်မြို့နယ်၊ မြို့ဟောင်းအလယ်ရပ်ကွက်၊ ဗိုလ်ချုပ်နေဝင်းလမ်းမပေါ်နှင့် ကားတစ်စီးတို့ပေါ်သို့ ည ၇ နာရီခွဲခန့်က သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် သန်လျင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ည ၆ နာရီ ၅၀ မိနစ်ခန့်ကလည်း ကမာရွတ်မြို့နယ်၊အင်းလျားလမ်းမပေါ်၌ စိန်ပန်းပင်လဲကျကာလမ်းပိတ်နေသဖြင့် ကမာရွတ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ စမ်းချောင်းအရန်မီးသတ်မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များပူးပေါင်း၍ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အတူ ည ၇ နာရီ ၁၀ မိနစ်ကျော်ခန့်ကလည်း...

မိုးရာသီအတွင်းပေါက်ပွားသည့် မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသတိပေး

မိုးရာသီကာလ၌ သစ်တောများနှင့်သစ်ပင်များပေါက်ရောက်ရာပတ်ဝန်းကျင်များတွင် မှိုအမျိုးမျိုးကြီးထွားပေါက်ပွားမှုများပြားလေ့ရှိ၍ မှိုဆိပ်အန္တရာယ်နှင့်ပတ်သက်၍သတိပြုကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ခဲ့သည်။ အဆိုပါ မှိုများတွင်အန္တရာယ်ကင်းစွာစားသုံးနိုင်သော မှိုအမျိုးအစားများရှိပြီး အဆိပ်ရှိမှိုများစွာလည်းရှိရာ အဆိပ်ရှိမှိုများအနက်အချို့မှိုများသည် ပြင်းထန်စွာအဆိပ်သင့်စေ၍ အသက်ဆုံးရှုံးစေသည်အထိဖြစ်နိုင်သည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးခဲ့သည်။ မှိုဆိပ်သင့်လက္ခဏာများအနေဖြင့် မှိုစားပြီး မိနစ် (၂၀)မှ (၄)နာရီအတွင်း မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ပွားနိုင်ပြီး ပြင်းထန်ပါကအသက်ဆုံးရှုံးနိုင်သည့်အပြင် ဦးနှောက်နှင့်အာရုံကြောထိခိုက်ပြီး စိတ်အာရုံခြောက်ခြားခြင်း၊ အလွန်အမင်းနိုးကြားလာခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။ ထို့အတူ အဆိပ်သင့်မှုလက္ခဏာနှင့် ပြင်းထန်မှုအတိုင်းအတာသည် မှိုအမျိုးအစား၊ ပါဝင်သောအဆိပ်(ဥပမာ- Cyclopeptides, Gyromitrin, Orellanine, Muscarine စသည်)ပမာဏ၊ စားသုံးမိသောသူ၏ အသက်အရွယ်၊...

မုတ်သုံလေအားအလွန်ကောင်းနေမှုအပါအဝင် ရာသီဥတုအခြေအနေ(၃)ခုကြောင့် တိုင်းနှင့်ပြည်နယ်အနှံ့၌ ယနေ့မှ ဇွန် ၂ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်း၊ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်း ရာသီဥတုအခြေအနေ(၃)ခုဖြစ်ပေါ်နေသည်ဟု မိုးဇလမှ ယနေ့ မေ ၂၇ ရက်ညပိုင်းက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးထုတ်ပြန်ခဲ့သည်။ ယင်း အခြေအနေ(၃)ခုကြောင့် ယနေ့ မေ ၂၇ ရက်ညပိုင်းမှ လာမည့် ဇွန် ၂ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071