မြန်မာ-နီပေါ ဆက်ဆံရေးပိုမို မြှင့်တင်ရေးအပါအဝင် လေကြောင်းချိတ်ဆက်မှုနှင့် ခရီးသွားလာမှုဆိုင်ရာများ ဆွေးနွေး

0
157

မြန်မာ – နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမို မြှင့်တင်ရေး၊ လေကြောင်းချိတ်ဆက်မှုနှင့် ခရီးသွားလာမှုဆိုင်ရာ ကဏ္ဍများကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးလွင်ဦးနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးတို့ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေးအား ဒီဇင်ဘာ (၁) ရက်၊ နေ့လယ် (၂)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ ဆုံစဉ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမို မြှင့်တင်ရေး၊ လေကြောင်းချိတ်ဆက်မှုနှင့် ခရီးသွားလာမှုဆိုင်ရာ ကဏ္ဍများအပါအဝင် နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် မြန်မာနိုင်ငံရောက် နီပေါ နိုင်ငံသားများအတွက် ကောင်စစ်ဆိုင်ရာ အကူအညီပေးနိုင်ရေး ကိစ္စရပ်များကို ပိုမိုပူးပေါင်း ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here