ရုရှားနှင့်တရုတ်ကြား အဓိကမြေအောက်ရထားလမ်းကို ယူကရိန်းဖောက်ခွဲဖျက်ဆီး

0
133

ကိဗ်၊နိုဝင်ဘာ ၃၀

ယူကရိန်းစစ်ထောက်လှမ်းရေးအဖွဲ့ (SBU) ၏ဦးဆောင်စီစဥ်မှုဖြင့် တရုတ်နှင့်ရုရှားအား အဓိကဆက်သွယ်ပေးထားသည့် မြေအောက်ရထားလမ်းအား ယူကရိန်းက နိုဝင်ဘာ ၃၀ ရက်က ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ယူကရိန်းအရှေ့ဘက် ကီလိုမီတာ ၆,၀၀၀ ခန့်အကွာ Buryatia ရှိ Baikal-Amur အဝေးပြေးလမ်းမကြီး၏ Severomuysky လိုဏ်ခေါင်းအတွင်း ဖောက်ခွဲမှုများကို SBU က ဦးဆောင်ပြုလုပ်ခဲ့သည်ဟု စစ်ဆင်ရေးနှင့် တိုက်ရိုက်ပါဝင်ပတ်သက်သော ယူကရိန်းအကြီးတန်းအရာရှိတစ်ဦးက POLITICO သတင်းဌာနသို့ပြောကြားခဲ့ကြောင်းသိရသည်။

“ဒါဟာ ရုရှားနဲ့တရုတ်ကြားမှာရှိတဲ့ အရေးပါတဲ့တစ်ခုတည်းသော ရထားလမ်းချိတ်ဆက်မှုပါ။လက်ရှိမှာတော့ စစ်ဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေအတွက် ရုရှားဘက်ကအသုံးပြုနေတဲ့ ဒီလမ်းကြောင်းကို တိုက်ခိုက်မှုလုပ်ပြီးဖြတ်ထားပါတယ်” ဟုလည်း အဆိုပါ တာဝန်ရှိသူကပြောကြားခဲ့သည်။

သို့သော် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) က ယခုတိုက်ခိုက်မှုအား တရားဝင်အတည်မပြုသေးသကဲ့သို့ ရုရှားသည်လည်း ယခုအချိန်အထိ နှောင့်ယှက်ဖျက်ဆီးခံရမှုရှိမရှိအားအတည်မပြုသေးကြောင်းလည်းသိရသည်။

Source : Politico


LEAVE A REPLY

Please enter your comment!
Please enter your name here