Looking for something?

Explore the website

Looking for something?

Friday, May 30, 2025

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆)...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ...

MNL U-21 Youth League...

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေ‌သည့် အသင်း (၄)သင်း ထိပ်တို-က်တွေ့ဆုံနေကြပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်...

ဝမ်တိန် နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ကြံတန်ချိန်...

ပြီးခဲ့သည့် ကြံရာသီချိန်တွင် ပြည်တွင်းထွက်ကုန် ကြံသီးနှံကို တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ တန်ချိန် (၁၅၀,၀၀၀) ကျော်တင်ပို့ခဲ့ရကြောင်း သိရသည်။ ဝမ်တိန်နယ်စပ် စစ်ဆေးရေးစခန်း ဟွန်ဘန်စခန်းခွဲ၏...

အမြင့်ပေ(၁၉၀)အထက်ရှိ ကောင်းမှုတော်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ သာလွန်မင်းတရားကြီး၏ကောင်းမှုဖြစ်သော ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အမြင့်ပေ(၁၉၀)အထက်ရှိစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ယနေ့မေ ၃၀ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ သီတဂူဆရာတော်ကြီးဦးဆောင်၍...
HomeNewsLocal Newsတစ်ရက်အတွင်း ဓာတ်ဆီတစ်လီတာ (၃၀၀)ကျော်...

တစ်ရက်အတွင်း ဓာတ်ဆီတစ်လီတာ (၃၀၀)ကျော် ဈေးခုန်တက်

ယနေ့ပြည်တွင်း စက်သုံးဆီဈေးကွက်တွင် ရောင်းချနေသည့်ဈေးနှုန်းများအရ ဓာတ်ဆီတစ်လီတာ ၃၀၀ ကျော် ဈေးမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

နိုဝင်ဘာလ (၃၀)ရက်က စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၂၁၇၀ ကျပ်၊ ၉၅ တစ်လီတာ ၂၃၀၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၀၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၂၉၀ ကျပ်‌သာရှိခဲ့ခြင်းဖြစ်သည်။

ယနေ့ ဒီဇင်ဘာ (၁) ရက်တွင် ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၀၅ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။

” ဆီဈေးက ရုတ်တရက် မြင့်တက်လာတယ်။ အဆင်မပြေဘူး။ အုံနာကြေးက တစ်ရက်ကို ၁၂၀၀၀ ပေးရတယ်။ ဆီကိုဝယ်မထည့်နိုင်ဘူး။ ခေါက်တိုလေးတွေပဲ ဆွဲနေရတယ်။ အဝေးကြီးဆိုရင် အပြန်လူမပါရင် ရှုံးရော”ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

ဒီဇင်ဘာ (၅)ရက်မှ စတင်ကာ စက်မှုဇုန်များသို့ နိုင်ငံတော် အစီအစဉ်ဖြင့် စက်သုံးဆီ မရောင်းချပေးတော့ဘဲ စက်မှုဇုန် လုပ်ငန်းရှင်များ မိမိကိုယ်တိုင် တင်သွင်းရန် ညွှန်ကြားထားကြောင်း သတင်းများထွက်ပေါ်နေသည်။

“ဆီက စက်မှုဇုန်ကို မ​​ပေး​ရင် ဆီလက်ကျန်​ပိုမယ်။ ပြန်​ပေးရင်လဲ ​နေမြဲပြန်​ရောက်မယ်။ ဆီ​စျေး အခုလို ထိုးထက်ဖို့ ဖြစ်တန်​​ချေကနည်းပါတယ်။ ရေနံ​စျေးကလည်း အစ္စ​ရေး- US meeting ပြီးတာ​တောင် မှမတက်တာ​လေ။ USD ​စျေးက တဖြည်ဖြည်း ကျ​နေတာလည်းရှိတယ်။ဒါ​ပေမယ့် ဗဟိုဘဏ်ရဲ့ နှုန်းထားက ​ပြောင်း​ရင်​တော့မ​ပြောတတ်ဘူး”ဟု သုံးသပ်သူတစ်ဦးကဆိုသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးထိ လာရောက်လည်ပတ်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရသည်။ ပြီးခဲ့သည့် မတ်လက ခရီးသွားဧည့်သည် (၁၆,၁၅၅) ဦးသာ လာရောက်လည်ပတ်ခဲ့ပြီး ဧပြီလ (၁) ရက်မှ (၃၀)ရက်ထိ တစ်လတာကာလအတွင်းမှာ ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည် ပတ်ခဲ့ကြောင်း သိရသည်။ လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားဧည့်သည်များတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ကမ်းခြေသို့လာရောက်အပန်းဖြေသည့် ခရီးသွားဧည့်သည်များအနေဖြင့် ခရီးစဉ်အဆင်ပြေစေရန်၊ သန့်ရှင်းမှုရရှိစေရန်၊ စနစ်တကျအနားယူနိုင်ရန်၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး...

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်း ထိပ်တို-က်တွေ့ဆုံမည်

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေ‌သည့် အသင်း (၄)သင်း ထိပ်တို-က်တွေ့ဆုံနေကြပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီထံက သိရသည်။ Week -6 ပွဲစဥ်ကို ယခုလ မေ (၃၀)ရက်မှ ဇွန် (၂) ရက်အထိ ဆက်လက်ကစားသွားကြမည်ဖြစ်ကာ လက်ရှိတွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေကြသည့် ISPE အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ Junior Lions အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ထိပ်တို-က် တွေ့ဆုံနေကြသည်။ ထို့ပြင် မေ (၃၀) ရက်ညနေပိုင်းတွင်...

ဝမ်တိန် နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ကြံတန်ချိန် (၁၅၀,၀၀၀) ကျော် တင်ပို့ခဲ့ရ

ပြီးခဲ့သည့် ကြံရာသီချိန်တွင် ပြည်တွင်းထွက်ကုန် ကြံသီးနှံကို တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ တန်ချိန် (၁၅၀,၀၀၀) ကျော်တင်ပို့ခဲ့ရကြောင်း သိရသည်။ ဝမ်တိန်နယ်စပ် စစ်ဆေးရေးစခန်း ဟွန်ဘန်စခန်းခွဲ၏ စာရင်းဇယားအရ ယခုနှစ်တွင် မြန်မာဘက်မှ တင်သွင်းသည့် ကြံတန်ပေါင်း (၁၅၀,၀၀၀) ကျော်ကို ဝမ်တိမ်နယ်စပ်ဂိတ်၊ မန်မန်းလမ်းကြောင်းမှတဆင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ တရုတ်-မြန်မာနယ် စပ်တလျှောက်တွင် စိုက်ပျိုးထွက်ရှိသော ကြံသီးနှံကို တရုတ်ဘက်သို့ နှစ်စဉ်တင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးပါသောအချက် အချာနေရာအနေနှင့် မန်မန်းလမ်းကြောင်းသည် နှစ်တစ်နှစ်လုံးတွင် နယ်စပ်ဖြ-တ်ကျော်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071