ပင်လယ်ရေကြောင်းကုန်သွယ်မှုကဏ္ဍတွင် ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ (၁၁) လတာကာလအတွင်း နိုင်ငံတကာ ကုန်တင်သေတ္တာတင် သင်္ဘောကြီးပေါင်း (၅၀၀) ကျော် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ် ကုန်သွယ်မှုရှိခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။ထိုအရေအတွက်သည်ကုန်သေတ္တာသင်္ဘောတစ်မျိုးထဲ၏စာရင်းသာဖြစ်ပြီး၊GC ၊Oil tanker ၊စက်သုံးဆီ၊စားသုံးဆီ၊မော်တော်ယာဥ်တင် သင်္ဘောများမပါဝင်သေးပေ။
အဆိုပါ နိုင်ငံတကာကုန်တင် သင်္ဘောများ ဝင်ရောက် ဆိုက်ကပ်မှုအနေဖြင့် ဇန်နဝါရီလတွင် (၅၂) စင်း၊ ဖေဖော်ဝါရီလတွင် (၅၁) စင်း၊ မတ်လတွင် (၅၅) စင်း၊ ဧပြီလတွင် အစင်း (၅၀)စင်း၊ မေလတွင် (၅၆) စင်း၊ ဇွန်လတွင် (၅၇) စင်း၊ ဇူလိုင်လတွင် (၅၃) စင်း၊ သြဂုတ်လတွင် (၅၄) စင်း၊ စက်တင်ဘာလတွင် (၅၃) စင်း၊ အောက်တိုဘာလတွင် (၄၉) စင်း၊ နိုဝင်ဘာလတွင် (၅၀) စင်း စုစုပေါင်း (၁၁) လအတွင်း အစီးရေ (၅၈၀) စီး ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဒီဇင်ဘာလတွင်လည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာကုန်တင်သင်္ဘောကြီး (၄၉) စင်း ဝင်ရောက်ဆိုက်ကပ်ကုန်သွယ်မှုပြုလုပ်ရန်ရှိကြောင်း သိရသည်။
ယခုအခါ ပြည်ပဖောက်သည် ဈေးကွက်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဥ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင်ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့်ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဥ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။