တရုတ်နိုင်ငံရေတပ် ချစ်ကြည်ရေးခရီးစဉ်အပါအဝင် လွိုင်ကော်တက္ကသိုလ် ဆရာ၊ဆရာမများပြန်လည်လွတ်မြောက်ခြင်းနှင့် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ အပစ်အခတ်ရပ်စဲခြင်းကိစ္စရပ်များအပေါ် ယမန်နေ့ နိုဝင်ဘာ (၂၉)ရက်၌ ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားသည်။
ကနဦး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ နှစ်နိုင်ငံရေကြောင်းလေ့ကျင့်ရေးဆောင်ရွက်ရန်ရောက်ရှိနေပြီး ချစ်ကြည်ရေးခရီးစဉ်အဖြင့် ရန်ကုန်မြို့အတွင်း လည်ပတ်ခြင်း၊ သန်လျှင်တပ်နယ်အတွင်း ချစ်ကြည်ရေးဘက်စကပ်ဘော ပြိုင်ပွဲပြုလုပ်ခြင်းနှင့် မြန်မာ့တပ်မတော်ရေရှိ စစ်ရေယာဉ်များကို သွားရောက်လေ့လာခဲ့ကြသည်ဟုဆိုသည်။
ယင်းနောက် တရုတ်နိုင်ငံအတွင်းမှမြန်မာနိုင်ငံသို့ တရားမဝင်လာရောက်နေထိုင်သည့် တရုတ်အမျိုးသား (၂၁၁)ဦး၊ အမျိုးသမီး (၅၁)ဦး တရုတ်နိုင်ငံတာဝန်ရှိသူများထံလွှဲပြောင်းပေးခဲ့ကြောင်း၊ လွှဲပြောင်းပေးအပ်မှု စုစုပေါင်းမှ (၁၁၇၀)ဦးရှိပြီဖြစ်ကြောင်း ပြောကြားသည်။
တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ တပ်မတော်အချင်းချင်းဆက်ဆံရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးသည်နောင်တွင် ပိုမိုနီးကပ်စွာ ချစ်ကြည်ရင်းနှီးလာမည်ဖြစ်ကြောင်း ပြောသည်။
ထို့အပြင် လွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ဆရာမ၊ ကျောင်းသား/သူများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် (၁၉၃)ဦး ထပ်မံလွတ်မြောက်လာကြောင်း၊ နောက်ထပ် (၁၁)ဦး လွတ်မြောက်ရန်ကျန်ရှိနေသေးကြောင်းနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် ကြားဝင်စေ့စပ် ညှိနှိုင်းပေးသည့်အဖွဲ့များအား အထူးကျေးဇူးတင်ကြောင်း ပြောကြားသည်။
အလားတူ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲအခြေအနေများပြောကြားရာ၌(၁၀၅)မိုင်မူဆယ်တိုက်ပွဲ၊ လောက်ကိုင်တိုက်ပွဲ၊ကုန်းကြမ်းတိုက်ပွဲနှင့် စစ်ကိုင်းတိုင်း၊ တန့်ဆည်ရှိ တိုက်ပွဲအခြေအနများပြောကြားခဲ့ရာ ရန်သူ့အလေ-ာင်းနှင့် လက်နက်များသိမ်းဆည်းရမိထားကြောင်းနှင့် ကုန်းကြမ်းရှိ တပ်မိသားစုများအသက်အန္တရာယ်အတွက် နေရာပြောင်းရွှေ့ပေးထားရကြောင်း ပြောကြားသည်။
ရှမ်းပြည်အရှေ့မြောက်ဘက်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင်ပတ်သက်၍လည်း တရုတ်-မြန်မာနှစ်နိုင်ငံအကြား အထင်အမြင်လွဲမှားအောင် အမျိုးမျိုးသွေးထိုးလှုံဆော်နေသည့်အဖွဲ့အစည်းများ၊ အထူးသဖြင့်အနောက်နိုင်ငံအထောက်အပံ့ဖြင့်ရပ်တည်နေသောမီဒီယာများက ဦးတည်ဆောင်ရွက်လာသဖြင့် သတိပြုရန်လိုကြောင်း ဆိုသည်။
ယင်းနောက် ရှမ်းပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် RCSS/SSAနှင့်SSPPတို့အကြား အပစ်အခတ်ရပ်စဲခြင်းသတင်းကောင်းကိုကြားသိရပြီး၊ အဆိုပါ နှစ်ဖွဲ့အတွက်လည်း တပ်မတော်က အမြဲတမ်းကြားဝင်ဖြေရှင်းပေးခဲ့ရသည်များလည်းရှိခဲ့ကြောင်း ဆိုသည်။
ရှမ်းအရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဒေသတွင်းပြည်သူလူထု နစ်နာဆုံးရှုံးရကြောင်း၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့များအနေဖြင့်ဒေသခံ ပြည်သူများ၏နေအိမ်ကို အကာကွယ်ပြု၍ တပ်မတော်ကိုတိုက်ခိုက်မှုများရှိခဲ့ကြောင်းနှင့် ယင်းအတွက်အားလုံးဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။