Friday, May 30, 2025

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆)...

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ...

MNL U-21 Youth League...

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေ‌သည့် အသင်း (၄)သင်း ထိပ်တို-က်တွေ့ဆုံနေကြပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်...

ဝမ်တိန် နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ကြံတန်ချိန်...

ပြီးခဲ့သည့် ကြံရာသီချိန်တွင် ပြည်တွင်းထွက်ကုန် ကြံသီးနှံကို တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ တန်ချိန် (၁၅၀,၀၀၀) ကျော်တင်ပို့ခဲ့ရကြောင်း သိရသည်။ ဝမ်တိန်နယ်စပ် စစ်ဆေးရေးစခန်း ဟွန်ဘန်စခန်းခွဲ၏...

အမြင့်ပေ(၁၉၀)အထက်ရှိ ကောင်းမှုတော်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ သာလွန်မင်းတရားကြီး၏ကောင်းမှုဖြစ်သော ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အမြင့်ပေ(၁၉၀)အထက်ရှိစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ယနေ့မေ ၃၀ ရက်နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ သီတဂူဆရာတော်ကြီးဦးဆောင်၍...
HomeNewsLocal Newsပါတီစုံ ဒီမိုကရေစီစနစ်ကို တပ်မတော်က...

ပါတီစုံ ဒီမိုကရေစီစနစ်ကို တပ်မတော်က ဦးဆောင်ပြီးဖော်ဆောင်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြား

ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ပေါ်လာရေးအတွက် တပ်မတော်က ဦးဆောင်ကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယမန်နေ့ နိုဝင်ဘာ (၂၉) ရက်က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆/၂၀၂၃) အစည်းအဝေးတွင်၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

” ကျွန်တော်တို့အနေနဲ့ တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဦးဆောင်ပြီးတော့ ဖော်ဆောင်ပေးသလို ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ရေးအတွက်လည်း ကျွန်တော်တို့က ဦးဆောင်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပါတီစုံဒီမိုကရေစီစနစ်လိုလားတဲ့ ပြည်သူတွေနဲ့ တပ်မတော်တစ်သား တည်းရှိကြောင်းကိုလည်း ကျွန်တော်တို့ ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယင်းသို့ လုပ်‌ဆောင်ရာတွင်လည်း ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုမှ တောင်းဆိုသည့်အတွက် တပ်မတော်က ဦးဆောင်ကာ ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး တပ်မတော်အနေဖြင့် နောက်မှလိုက်ကာ ထောက်ခံနေခြင်း မဟုတ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားသွားခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းအပြီး နဝတ အစိုးရက ပါတီစုံ ဒီမိုကရေစီစနစ်သို့ သွားမည်ဟု ပြောဆိုခဲ့ခြင်းမှာလည်း တပ်မတော်အား ကိုယ်စားပြု၍ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တပ်မတော်က ဦးဆောင်ရေးဆွဲခဲ့ပြီး ယင်းအခြေခံ ဥပဒေအရ ရွေးကောက်ပွဲလမ်းကြောင်းကို ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှ စတင်ကာ ရွေးကောက်ပွဲ (၃) ကြိမ် ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် ပြဿနာအနည်းငယ်သာ ရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် ကျင်းပသည့်ရွေးကောက်ပွဲ၌ရုပ်ပျက်ဆင်းပျက် မဲမသမာမှုများ တွေ့ခဲ့ရပြီး မသန့်စင်သောမဲရလာဒ်များနဲ့ အာဏာရယူရန် ကြိုးစားခဲ့သည်ကို တွေ့ရှိရသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ အရေးပေါ်အခြေအနေကြေညာကာ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟိုင်းကြီးကျွန်းမြို့ရှိ ငွေတောင်ကမ်းခြေသို့ ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးထိ လာရောက်လည်ပတ်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီးရှိ ငွေတောင်ကမ်းခြေသို့ ပြီးခဲ့သည့် ဧပြီလအတွင်းက ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည်ပတ်ခဲ့ကြောင်း ငပုတောမြို့နယ် ခရီးသွားလုပ်ငန်းအသင်းမှ သိရသည်။ ပြီးခဲ့သည့် မတ်လက ခရီးသွားဧည့်သည် (၁၆,၁၅၅) ဦးသာ လာရောက်လည်ပတ်ခဲ့ပြီး ဧပြီလ (၁) ရက်မှ (၃၀)ရက်ထိ တစ်လတာကာလအတွင်းမှာ ခရီးသွားဧည့်သည် (၃၇,၅၆၆) ဦးအထိ လာရောက်လည် ပတ်ခဲ့ကြောင်း သိရသည်။ လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားဧည့်သည်များတွင် ရန်ကုန်တိုင်းဒေသကြီးက အများဆုံးဖြစ်ပြီး ကမ်းခြေသို့လာရောက်အပန်းဖြေသည့် ခရီးသွားဧည့်သည်များအနေဖြင့် ခရီးစဉ်အဆင်ပြေစေရန်၊ သန့်ရှင်းမှုရရှိစေရန်၊ စနစ်တကျအနားယူနိုင်ရန်၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး...

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်း ထိပ်တို-က်တွေ့ဆုံမည်

MNL U-21 Youth League Week-6 ပွဲစဉ်အတွင်း အမှတ်ပေးဇယားအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေ‌သည့် အသင်း (၄)သင်း ထိပ်တို-က်တွေ့ဆုံနေကြပြီဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ် ကော်မတီထံက သိရသည်။ Week -6 ပွဲစဥ်ကို ယခုလ မေ (၃၀)ရက်မှ ဇွန် (၂) ရက်အထိ ဆက်လက်ကစားသွားကြမည်ဖြစ်ကာ လက်ရှိတွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေကြသည့် ISPE အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ Junior Lions အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ထိပ်တို-က် တွေ့ဆုံနေကြသည်။ ထို့ပြင် မေ (၃၀) ရက်ညနေပိုင်းတွင်...

ဝမ်တိန် နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ ကြံတန်ချိန် (၁၅၀,၀၀၀) ကျော် တင်ပို့ခဲ့ရ

ပြီးခဲ့သည့် ကြံရာသီချိန်တွင် ပြည်တွင်းထွက်ကုန် ကြံသီးနှံကို တရုတ်-မြန်မာနယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်မှတဆင့် တရုတ်ဘက်သို့ တန်ချိန် (၁၅၀,၀၀၀) ကျော်တင်ပို့ခဲ့ရကြောင်း သိရသည်။ ဝမ်တိန်နယ်စပ် စစ်ဆေးရေးစခန်း ဟွန်ဘန်စခန်းခွဲ၏ စာရင်းဇယားအရ ယခုနှစ်တွင် မြန်မာဘက်မှ တင်သွင်းသည့် ကြံတန်ပေါင်း (၁၅၀,၀၀၀) ကျော်ကို ဝမ်တိမ်နယ်စပ်ဂိတ်၊ မန်မန်းလမ်းကြောင်းမှတဆင့် တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ တရုတ်-မြန်မာနယ် စပ်တလျှောက်တွင် စိုက်ပျိုးထွက်ရှိသော ကြံသီးနှံကို တရုတ်ဘက်သို့ နှစ်စဉ်တင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အရေးပါသောအချက် အချာနေရာအနေနှင့် မန်မန်းလမ်းကြောင်းသည် နှစ်တစ်နှစ်လုံးတွင် နယ်စပ်ဖြ-တ်ကျော်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071