သူလျှိုဂြိုလ်တုမှ ပေးပို့လာသော အမေရိကန်အခြေစိုက်စခန်းများ၏ ဓာတ်ပုံကို ကင်ဂျုံအန်ကြည့်ရှုဟု မြောက်ကိုရီးယားဆို

0
270

မြောက်ကိုရီးယား သူလျှိုဂြိုလ်တုမှ ပေးပို့လာသော ဂူအမ်ရှိ အမေရိကန်စစ်စခန်းများ၏ ဓာတ်ပုံများကို ဗုဒ္ဓဟူးနေ့တွင် မြောက်ကိုရီးယားက လက်ခံရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၁ မိနစ်တွင် လက်ခံရရှိထားသော ဓာတ်ပုံများကို ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင် Korean Central News Agency/KCNA အရ သိရသည်။

“သူ (ကင်) က အင်ဒါဆန်လေတပ်အခြေစိုက်စခန်း၊ အက်ပရာ ဆိပ်ကမ်းနဲ့ ပစိဖိတ်သမုဒ္ဒရာထဲက ဂူအမ်ကျွန်းအထက် ကောင်းကင်ကနေ ရိုက်ယူထားတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ အခြားအဓိက စစ်အခြေစိုက်စခန်းတွေရဲ့ အာကာသဓာတ်ပုံတွေကို ကြည့်ရှုခဲ့ပါတယ်” ဟု KCNA ကဆိုသည်။

ဇန်န၀ါရီလတွင် အမေရိကန်သည် ၎င်း၏ စစ်အခြေစိုက်စခန်းသစ်ကို ဂူအမ်ကျွန်းတွင် နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ခဲ့သည်။ အဆိုပါ အခြေစိုက်စခန်းတွင် ရေတပ်သား ၅၀၀၀ ခန့် ထားရှိမည်ဟု ခန့်မှန်းကြသည်။

မြောက်ကိုရီးယားနိုင်ငံသည် အာကာသအတွင်းမှ စောင့်ကြည့်နေမည့် သူလျှိုဂြိုလ်တုကို အင်္ဂါနေ့နှောင်းပိုင်းက အောင်မြင်စွာ လွှတ်တင်ခဲ့သည်ဟု KCNA သတင်းဌာနက ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here