ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဥ်ပြိုင်မည်

0
119

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၃ခုနှစ်၊ (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲ (7th WVVF World Vovinam Championships 2023)ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့မှ ဒီဇင်ဘာလ(၁)ရက်နေ့ အထိကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံဗိုဗီနမ်အားကစားအဖွဲ့ချုပ်ဥက္ကဌဦးရဲမြင့်၊ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဝင်းနိုင်၊ နည်းပြ(၂)ဦးနှင့် အားကစားသမား(၅)ဦးတို့ပါဝင်သည့် မြန်မာဗိုဗီနမ်အားကစားအဖွဲ့သည် ယနေ့ နိုဝင်ဘာ ၂၁ ရက် ညနေ (၄ နာရီ ၄၀) မိနစ်က လေယာဉ်အမှတ် 8M -452 ဖြင့်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာဗိုဗီနမ်အားကစားအဖွဲ့သည် က‌မ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် ရွှေ ၅၊ ငွေ ၇၊ ကြေး ၃၁ ဆုထိရရှိခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here