တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် နေရောင်ခြည်စွမ်းအင်ဖြင့် ဒေသခံများကို လျှပ်စစ်မီးများ ပေးလျက်ရှိ

0
277

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အရှိန်ရအားကောင်းလာပြီး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများဖြင့် ဒေသခံများကို လျှပ်စစ်မီးများ ပေးလျက်ရှိကြောင်း ဆင်ဟွာသတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ Pamir ကုန်းပြင်မြင့်သို့ သွယ်တန်းထားသော တောင်တန်းများရှိ လမ်းမတစ်လျှောက် ပင်လယ်ရေမျက်နှာပြင်အထက် လေထု ပိုမိုပေါ့ပါးလာလေ နေရောင်ခြည် ပိုမိုနွေးထွေးလာလေဖြစ်ကြောင်း သိရသည်။

Karakoram တောင်တန်းခြေရင်းသည် ရှင်းကျန်းရှိ Kashgar ဒေသ၊ Tashkurgan Tajik ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် အရှေ့တောင်ဘက် ၂၅ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နေရောင်ခြည်စွမ်းအင် စက်ရုံတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်စက်ရုံတည်ရှိရာ နေရာမှာ ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားခြင်း၊  နေအလင်းရောင်အရင်းအမြစ် အကျိုးကျေးဇူးများ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု တိုးတက်ရေးအတွက် အလွန်သင့်တော်ကြောင်း ၎င်းစွမ်းအင်စက်ရုံ အင်ဂျင်နီယာ Yan Yuzhi က ဆင်ဟွာသတင်းဌာနသို့ ပြောကြားထားသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံသည် အကျယ်အ ဝန်း mu ၆၃၅ (၄၂ ဟက်တာခန့်) ရှိပြီး ပင်လယ်ရေမျက်နှာ ပြင်အထက် မီတာ ၃,၃၀၀ ခန့်တွင် တည်ရှိကာ စက်ရုံတွင် နေရာင်ခြည်စွမ်းအင် မော်ဂျူး ၇၇,၇၆၀ ခု တပ်ဆင်ထားကြောင်း သိရသည်။

ထိုစက်ရုံမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ သန်း ၄၀ ခန့် ထုတ်လုပ်လျက်ရှိပြီး ၃၀ ကီလိုမီတာ ရှည်လျားသော လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုလမ်းကြောင်းတလျှောက် ခရိုင်များရှိ ဒေသခံများအတွက် သန့်စင်စွမ်းအင်များ ပေးပို့လျက်ရှိကြောင်း သိရသည်။

ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လက်ရှိ လျှပ်စစ်ဓာတ်အားပေးဈေးနှုန်းများအရ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ရေး စက်ရုံ၏ နှစ်စဉ် အကျိုးအမြတ်နှင့် အခွန်ငွေမှာ ယွမ် ၁၀ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၁.၃၈ သန်းခန့်) ရှိပြီး ခရိုင်အတွက် အကျိုးအမြတ်ခွဲဝေပေးမှုမှာ ယွမ် ၇၆ သန်း အထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here